ဂီရိမုန်တိုင်းသင့်ဒေသများမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ တိုက်တွန်းမည်

ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲရတဲ့ မြို့နယ်တွေကို ရှေ့လ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပရေး မလွယ်ကူတဲ့အတွက် ရက်ရွှေ့ဆိုင်းပေးဖို့ ကော်မရှင်ကို တောင်းဆိုမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDPရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ် ။

2010.10.26
cyclone_giri_kyaukphyu_305_z.png ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)

“ရွေးကောက်ပွဲကိုတော့ဖြင့် ရွှေ့ဆိုင်းသင့်ပါတယ်။ အထူးသဖြင့်လေ၊ မြေပုံမြို့နယ်ဆိုရင် တမြို့နယ်လုံး ၉၀ ရာခိုင်နှုန်း အကျော်လောက်ကို ပျက်သွားတာ။ အကုန်လုံး နီးပါးလောက်လေ။ မြို့ပေါ်မှာကိုက တော်တော်လေးကို ပျက်စီးသွားတာ။ အမှိုက်ပုံကြီး တခုလို ဖြစ်သွားတယ်တဲ့။ ရက်ပိုင်းလောက်မှာ လုပ်မဲ့ ရွေးကောက်ပွဲကြီးဟာ ရွှေ့ဆိုင်းပေးတာဟာ တကယ်လုပ်သင့်တဲ့ အလုပ်ပါ။ သူတို့လည်း သဘောပေါက်မှာပါ။”

ဂီရိမုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံရတဲ့ မြို့နယ်ကတော့ မြေပုံမြို့နယ် ဖြစ်ပြီး ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ်တွေလည်း ပျက်စီးမှု များပြားတယ်လို့ သိရပါတယ်။ အဲဒီဒေသက လေဘေး ဒုက္ခသည်တွေဟာ ပြန်လည်ထူထောင်ရေးအတွက် လ အတော်ကြာအောင် လုပ်ဆောင်ကြရမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူးလို့လည်း ဆိုပါတယ် ။

၂၀၀၈ ခုနှစ် ကလည်း စစ်အစိုးရက အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ခါနီး ရက်ပိုင်းမှာ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းမှာ နာဂစ် လေမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့် လူပေါင်း တသိန်းကျော် သေဆုံးခဲ့ပါတယ်။ အဲဒီဒေသတွေမှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲရက်ကို ရွှေ့ဆိုင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။