ကုလအတွင်းရေးမှူးချုပ်၏ အာရှခရီးစဉ်မှာ မြန်မာ့အရေး အလေးပေးမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အာရှခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အောက်တိုဘာ ၂၆ ရက် အင်္ဂါနေ့က စတင် ရောက်ရှိလာပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ထိုင်းဝန်ကြီးချုပ် အာဘီဆစ်နဲ့ တွေ့ဆုံပြီး ဒေသတွင်း ကိစ္စတွေ ဆွေးနွေးဖို့ ရှိပါတယ်။

2010.10.26
un_ban_ki-moon_anti-election_305_z.png ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အာရှခရီးစဉ်အတွင်း ပထမဆုံး ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ အောက်တိုဘာ ၂၆ ရက်နေ့က ရောက်ရှိလာစဉ် ကုလသမဂ္ဂ ရုံးအဆောက်အအုံ ရှေ့တွင် မြန်မာ့အရေး တောင်းဆိုဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီနောက် ဗီယက်နမ် နိုင်ငံမှာ ကျင်းပမဲ့ ကုလသမဂ္ဂနဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာပါ။

မစ္စတာဘန်ကီးမွန်းရဲ့ အာရှခရီးစဉ်မှာ မြန်မာ့အရေးကိစ္စကို အလေးပေး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီး Soung-Ah Choi က ပြောပါတယ်။

အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်ရှိနေတဲ့အချိန်မှာ ကုလသမဂ္ဂက တိုက်တွန်းထားတဲ့ အချက်တွေကို မြန်မာစစ်အစိုးရဖက်က လိုက်နာ အကောင်အထည်ဖော်တာ မတွေ့ရသေးတာနဲ့ ပတ်သက်လို့ ဒေသတွင်းအစိုးရတွေနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီးက ပြောသွားပါတယ်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မကျင်းပခင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်အစိုးရကို ဝိုင်းပြီးဖိအားပေးဖို့ မစ္စတာဘန်ကီမွန်းက တောင်းဆိုထားပါတယ်။

သူရဲ့ထိုင်းနိုင်ငံခရီးစဉ်မှာ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက အတည်ပြုပြောဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ထိုင်းကနေ ကမ္ဘောဒီယား၊ အဲဒီကမှ အောက်တိုဘာလ ၂၈ ရက် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်မှာပါ။ အဲဒီနောက် တရုတ်နိုင်ငံကို အောက်တိုဘာလ ၃၀ ရက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။