ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး လက်မှတ်ထိုးသူ ၅၀ ကျော်ပြီ

တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဒုတိယအကြိမ် ပင်လုံ ညီလာခံခေါ်ယူရေးအတွက် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ကလေးမြို့က ဇိုမီးအမျိုးသားကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ၊ လူငယ် ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

2010.10.25

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို ပါဝင် လက်မှတ် ရေးထိုးသူပေါင်း ၅၀ ကျော်နေပြီ ဖြစ်ပြီး ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ တိုင်းရင်းသားတွေလည်း ပါဝင်လာဖို့ ရှိကြောင်း သိရပါတယ်။

အကြောင်းစုံကို ဒီကြေညာစာတမ်း လက်မှတ်တောင်းခံရာမှာ ပါဝင်လှုပ်ရှားနေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းကို RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်၊၊

ဦးဖြိုးမင်းသိန်းနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီလာခံကို ကျင်းပခဲ့တဲ့ ဇိုမီး အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦိးပူကျင်ရှင်းထန်နဲ့ ညီလာခံကို တက်ရောက်ခဲ့သူ NLD ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းတို့ကို ဗန်ကောက်မြို့ရောက် RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။