ဒီဆုကို ဦးဝင်းတင်ကိုယ်စား ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်တဲ့ NLD ပါတီဝင်တွေက လက်ခံယူခဲ့ပါတယ်။
ဒီဆုချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသားကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလိုပြောပါတယ်။
“ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ဒီခေတ်ဒီချိန်မှာ ကျွန်တော်တို့ အခြေခံဥပဒေလည်း ကျွန်တော်တို့ ပြည်သူလူထုအတွက် ဘာမှ အကြောင်းထူးမှာ မဟုတ်ဖူး။ ဒါ စစ်အာဏာရှင်စနစ်ကို တည်မြဲဖို့ပဲ ဖြစ်တယ်။ အခု ရွေးကောက်ပွဲ ဆိုတာလည်းပဲ အဲဒီ အခြေခံဥပဒေကို အတည်ပြုဖို့ ဖြစ်နေတော့ အကြောင်းထူးမှာ မဟုတ်ဖူး။ တကယ် အကြောင်းထူးဖို့ လိုတာက အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဖို့က အရေးအကြီးဆုံးပဲ။ အဲဒီမှာ အဓိက ကျွန်တော်တို့ အားကိုးအားထားရတဲ့ လူတွေက ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ ပြည်သူလူထုကို စည်းရုံးနိုင်တယ်ဆိုပြီးတော့ အဲဒီ အမြင်နဲ့ သူ့ကို ဒီဆုကို အပ်နှင်းတာပါ။”
ဇိုမီးအမျိုးသား ကွန်ဂရက်အနေနဲ့ အလားတူဆုကို NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦိးကိုလည်း ချီးမြှင့်ခဲ့ဘူးပါတယ်။ ဦးတင်ဦး နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ အချိန်က ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့များက ကြိုဆိုပွဲ လုပ်ခဲ့ကြောင်း၊ အဲဒီနေ့က ချင်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်တာကြောင့် ဦးတင်ဦးကိုလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဇိုမီး အမျိုးသားကွန်ဂရက်က ပထမဆုံး ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။