သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-04
NUG အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အင်အားနဲ့ ဩဇာမြင့်တက်လာနေပြီး အာဏာသိမ်းစစ်ကောင်စီရဲ့အခြေအနေကတော့ တဖြည်းဖြည်းယိုင်နဲ့လာနေတယ်လို့ Eurasia Review သတင်းမှာ ဖော်ပြထားပါတယ်။
2022-10-04
“ကျွန်မတို့ရဲ့အခြေခံစံနှုန်းက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ထိခိုက်ခံစားလွယ်ပြီး မေ့လျော့ခံနေရတဲ့ လူမှုအသိုက်အဝန်းတွေနဲ့ လူနည်းစုတွေအတွက် အလေးထား လုပ်ဆောင်ပေးခြင်းပါ”လို့ မိတ်ဆွေ(မြန်မာ)အဖွဲ့ တည်ထောင်သူ နော်ဘွေခူကပြောပါတယ်။
2022-10-04
ဒါဟာ CDM လှုပ်ရှားမှုကို ပျက်ပြားစေလိုတဲ့ စစ်ကောင်စီ အလိုကျလုပ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
2022-10-04
ကမ္ဘာပေါ်က ဖက်ရှင်ချစ်သူတွေ စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိတဲ့ New York Fashion Week ပြပွဲမှာ မြန်မာစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ ပြသခဲ့သူကတော့ မြန်မာဒီဇိုင်းပညာရှင် မအင်ကြင်းစံပါ။
2022-10-04
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကလပ်ကုန်းရပ်ကွက်က စျေးအဆင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာတဲ့ လူငယ် နှစ်ဦးကို ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
2022-10-04
လွတ်လာတဲ့ ၁၂ ဦးထဲမှာ သတင်းထောက် ကိုနောင်ရိုးအပြင် မမုံရွာမှာ ညလုံခြုံရေးဂိတ် ထားရှိလို့ဆိုပြီး အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၁၀ ဦးနဲ့ လုံးခင်းရွာက အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
2022-10-04
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒူပလာယာခရိုင်အတွင်းက စစ်ဘေးဒုက္ခသည် ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသား တစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၃၀ ရက်နေ့မှာ နယ်စပ်ကတစ်ဆင့် နေရပ်ကိုပြန်ပို့ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
2022-10-04
တီကျစ် ကျောက်မီးသွေးစက်ရုံကနေ ထွက်တဲ့ ကျောက်မီးသွေး အမှုန်အမွှားတွေကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ သားပျက်သားလျှောတာအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ အရေပြားရောဂါတွေကို အဓိက ခံစားနေကြရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး နန်းကြည်လေးက ပြောပါတယ်။
2022-10-04
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာရှိတဲ့ စဉ့်ကူမြို့နဲ့ ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာက NLD ပါတီဝင်အပါအဝင် အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ညပိုင်းနဲ့ ၃ ရက်နေ့မှာ အသတ်ခံရတယ်လို့ ညောင်ဦးမြို့ခံတွေက RFA ကို အောက်တိုဘာ ၄ ရက် ဒီနေ့မှာ ပြောပါတယ်။
2022-10-04
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တောင်ပိုင်း ရွာခုနစ်ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိမှုနှစ်မှုကို အောက်တိုဘာ ၁၂ ရက် လာမယ့်ရုံးချိန်းမှာ အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-10-04
သေဆုံးသူအတွက် ဗုဒ္ဓဘာသာဝင် ထုံးစံအတိုင်း သက်ပျောက်ဆွမ်းသွတ်ဖို့အတွက်တောင် မိသားစုက ကြောက်ရွံ့နေရတယ်လို့ ပြောပါတယ်။
2022-10-04
အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို သာယာဝတီထောင်ဆီ မိသားစုဝင်တွေကိုအသိမပေးဘဲ စက်တင်ဘာလ ၂၄ ရက်နေ့က ရုတ်တရက် ပြောင်းရွှေ့ခဲ့ပါတယ်။
2022-10-04
လက်နက်ကိုင် ခုခံမှုအားကောင်းပြီး မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျည်စတချို့ ဦးခေါင်းခွံထဲ စိုက်ဝင်နေတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး ငွေကြေး မတတ်နိုင်တာကြောင့် သုံးလကြာတဲ့အထိ မခွဲစိတ်နိုင်ဘဲ ဝေဒနာပိုဆိုးလာတယ်လို့ မိဘတွေက ပြောပါတယ်။
2022-10-04
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေးဟာ ပါတီဥက္ကဋ္ဌအဖြစ် ပြန်အရွေးခံမှာ မဟုတ်ဘူးလို့ ဒီနေ့မနက် နေပြည်တော်မှာ ကျင်းပတဲ့ တတိယအကြိမ် ပါတီညီလာခံမှာ ပြောဆိုခဲ့တယ်လို့ ပါတီသတင်းရင်းမြစ်တွေက ပြောပါတယ်။