သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-03
လက်ရှိ ဒီမိုကရေစီအစိုးရသစ် လက်ထက် မှာ သတင်းရယူရတာ ပိုခက်လာတယ်ဆို ပြီး ပြောဆိုမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌ ဦးသီဟစော က ပြော ပါတယ်။
2017-05-03
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ မြို့မဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ ဥက္ကဌဟောင်းက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကို လွှဲပြောင်းပေးခဲ့တဲ့ ဆိပ်ကမ်းအလုပ် သမားအဖွဲ့ပိုင် မြေနေရာနဲ့ အဆောက်အဦး ပြန်ရဖို့အတွက် အလုပ်သမား ၅၀ ကျော်က ဟုမ္မလင်းမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2017-05-03
အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ကမ္ဘောဇ ဘဏ် ဒေဝါလီခံရတော့မယ်ဆိုတဲ့သတင်း ဟာ သတင်းမှားဖြစ်ကြောင်း အွန်လိုင်းစနစ် သုံးငွေထုတ်ရာမှာ ကြန့်ကြာမှုတွေဖြစ်ပေါ် လာရာကနေ ကောလာဟလ စတင်ဖြစ်ပေါ်လာခဲ့တာဖြစ် တယ်လို့ ဗဟိုဘဏ်က ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပြောပါ တယ်။
2017-05-03
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ဟွမ်ရွာ အနီးတဝိုက်မှာ တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တွေ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ နမ့်ဟွမ်ရွာက ရာအိမ်မှူး ဦးအောင်ခင် ကပြောပါတယ်။
2017-05-03
YBS ယာဉ် အစီးရေ ၂၀၀၀ ကျော်လောက် ကို မေလ ကုန်လောက်မှာ ကားသစ်တွေနဲ့ လဲလှယ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါ တယ်။
2017-05-03
ကျိုက်ထိုမြို့နယ် မရမ်းချောင်း စစ်ဆေးရေး စခန်းကနေ ဖမ်းဆီးရမိထားတဲ့ ထိုင်းမြန်မာ နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ အရက်၊ ဘီယာနဲ့ သက်တမ်း လွန်ဆေးဝါး ကျပ်သိန်းပေါင်း ၁၃၀၀ ဖိုးကို ဒီကနေ့ ကျိုက်ထိုမြို့နယ် မုပလ္လင် ကျေးရွာဘေး က မြေကွက်လပ်မှာ ဖျက်ဆီးလိုက်ပါတယ်။
2017-05-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေအတွင်း မီးလောင်သွားတဲ့ ကျေးရွာတွေက မွတ်စ လင်မိသားစုတွေကို မူလနေရာတွေမှာ ပြန်လည်နေရာချ ထားပေးဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပါတယ်။
2017-05-03
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ ညပိုင်းက ဟသာၤတခရိုင်အတွင်းက မြို့နယ်လေးခု မှာ လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် နေအိမ် ၁၇၀ နီးပါး ပျက်စီးသွားပါတယ်။
2017-05-03
ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ချိန်မှာ ငါးဖမ်းပိုက်ချခွင့် ၃ လ ပိတ်ပင်ထား တဲ့အတွက် ဧရာဝတီ မြစ်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူတွေ စားဝတ်နေရေး အခက်တွေ့နေတယ်လို့ မကွေးတိုင်း မင်းဘူး မြို့နယ်က တံငါတွေက ပြောပါတယ်။
2017-05-03
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းတိုက်နယ်က "ကေလာသ" သဘာဝထိန်းသိမ်းရေး နယ်မြေမှာရှိတဲ့ ပိတ်သိမ်းထားတဲ့ ကျောက်မိုင်းကို ပြန်ပြီးလုပ်ကိုင်ခွင့်ပေးဖို့ ဒေသခံ ၂ ရာလောက် တောင်စွန်းရွာ၊ ကင်းရွာနဲ့၊ ဘီးလင်းမြို့က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။
2017-05-03
တပ်မတော်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မှားယွင်းတဲ့ ကိန်းဂဏန်းတွေနဲ့ ပြည်သူ့ဆန္ဒခံယူခဲ့တဲ့အတွက် ပဋိညဉ်အက်ဥပဒေအရ တရားမဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်တာကြောင့် အဖွဲ့အစည်း ၅ ဖွဲ့စုပေါင်းပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော်ကို တရားစွဲဆိုသွားမယ်လို့ ၁၉၉၀ ပြည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေးဗစ် လှမြင့် က ပြောပါတယ်။
2017-05-03
ပျောက်ဆုံးနေတဲ့ မကွေးတိုင်းဒေသ ဖွံ့ဖြိုး ရေး ရန်ပုံငွေ ၇ ဘီလီယံကျော်ထဲက ၃ ဘီလီယံကျော်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေရေး ကြေးရေးအသင်း ဥက္ကဌ ဦးကြည်ထွန်း တို့က လက်ရှိမကွေးတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ရှိတာဖြစ်ပါတယ်။
2017-05-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တစ်နှစ်တာအတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေတွေ တိုးတက်မှု အားနည်းနေသေးတယ်လို့ Pen Myanmar နဲ့ မိတ်ဖက်အဖွဲ့အစည်း ၁၄ ခုတို့က ထုတ်ပြန်ခဲ့တဲ့ စောင့်ကြည့်လေ့လာချက်တွေမှာ ပါရှိပါတယ်။ ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီ လေ့လာချက်တွေထဲမှာ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့ အပါအဝင် အစိုးရကို အကြံပြုထားတဲ့အချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။
2017-05-03
ဥရောပကော်မရှင် ဒုတိယ ဥက္ကဌ Federica Mogherini ဖေဒေရီးကား မိုဂေရိနီ က ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အခိုင်အမာ ဆက်လက်ကူညီမယ်လို့ မနေ့ကပြောကြားလိုက်ပါတယ်။
2017-05-03
မေလ ၃ ရက်နေ့ဟာ World Press Freedom Day ဖြစ်တာမို့ ၂၀၁၇ ခု ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေဆိုပြီး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။