ဒီချုပ်အစိုးရလက်ထက် မီဒီယာလွပ်လပ်ခွင့်
2017.05.03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တစ်နှစ်တာအတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေတွေ တိုးတက်မှု အားနည်းနေသေးတယ်လို့ Pen Myanmar နဲ့ မိတ်ဖက်အဖွဲ့အစည်း ၁၄ ခုတို့က ထုတ်ပြန်ခဲ့တဲ့ စောင့်ကြည့်လေ့လာချက်တွေမှာ ပါရှိပါတယ်။ ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီ လေ့လာချက်တွေထဲမှာ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့ အပါအဝင် အစိုးရကို အကြံပြုထားတဲ့အချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။
Pen Myanmar အဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမျိုးမြင့်ငြိမ်း ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။