ထိုင်းကနေ တရားမဝင် တင်သွင်း တဲ့ ကုန်ပစ္စည်းတွေကို ဖျက်ဆီး


2017.05.03
illegal-beer-620.jpg ထိုင်းကနေ တရားမဝင် တင်သွင်းတဲ့ကုန်ပစ္စည်းတွေကို မေလ ၃ ရက်နေ့က ကျိုက်ထိုမြို့နယ် မုပလ္လင်ကျေးရွာဘေးက မြေကွက်လပ်မှာ ဖျက်ဆီးနေစဉ်
Photo: Kyaw Lwin Oo/ RFA

ကျိုက်ထိုမြို့နယ် မရမ်းချောင်း စစ်ဆေးရေး စခန်းကနေ ဖမ်းဆီးရမိထားတဲ့ ထိုင်းမြန်မာနယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ အရက်၊ ဘီယာနဲ့ သက်တမ်း လွန်ဆေးဝါး ကျပ်သိန်းပေါင်း ၁၃၀၀ ဖိုးကို ဒီကနေ့ ကျိုက်ထိုမြို့နယ် မုပလ္လင် ကျေးရွာဘေးက မြေကွက်လပ်မှာ ဖျက်ဆီးလိုက်ပါတယ်။

နှစ်လအတွင်း တရားမဝင် ကုန်ပစ္စည်း သယ်ယူတဲ့အမှုပေါင်း ၂၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲက အရက်၊ ဘီယာ၊ သက်တမ်းလွန်ဆေးတွေကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ကျိုက်ထိုမြို့နယ် မရမ်းချောင်းစစ်ဆေးရေး စခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းအောင်က ပြောပါတယ်။

မရမ်းချောင်း အမြဲတမ်း စစ်ဆေးရေး ဂိတ်စခန်းမှာ နှစ်လအတွင်း တရားမဝင်ကုန်ပစ္စည်း ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင် ၁၃၀၀၀ ကျော်ဖိုး ဖမ်းဆီး ရမိခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က ပိတ်သိမ်းခဲ့တဲ့ မရမ်းချောင်း အမြဲတမ်း စစ်ဆေးရေးစခန်းကို အကောက်ခွန် ဦးစီးဌာနအပါအဝင် ဌာန ၁၁ ခုပါဝင်တဲ့ ပူးပေါင်း စစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး ဒီနှစ် မတ်လ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။