မကွေးတိုင်း ဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ မေးမြန်းချက်
2017.05.03
ပျောက်ဆုံးနေတဲ့ မကွေးတိုင်းဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံကျော်ထဲက ၃ ဘီလီယံကျော်ကို မကွေးတိုင်းဒေ သကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေရေးကြေးရေးအသင်း ဥက္ကဌ ဦးကြည်ထွန်း တို့က လက်ရှိမကွေးတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ရှိတာဖြစ်ပါတယ်။ ကျန်ရှိတဲ့ ငွေကျပ် လေးဘီလီယံအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ အရင်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် သုံးခဲ့တယ်ဆိုတဲ့အပေါ် ဘယ်လိုနေရာတွေမှာ အသုံးပြုခဲ့လဲဆိုတာကို ပြန်လည်စိစစ်သွားမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးနေမျိုးကျော် ကပြောပါတယ်။
ဝန်ကြီး ဦးနေမျိုးကျော် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။