သတင်းရယူခွင့် ပိုခက်လာတယ် လို့ပြော
2017.05.03

လက်ရှိ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ သတင်းရယူရတာ ပိုခက်လာတယ်ဆိုပြီး ပြောဆိုမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌ ဦးသီဟစော က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့က Chatrium ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဦးသီဟစော က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။
"တကယ်လုပ်နေတဲ့ နယ်ပယ်ကလူတွေ သိမှာပါ၊ ဒီအစိုးရသစ်လက်ထက်မှာ သတင်းရယူခွင့် နည်းနည်းပိုခက် လာသလိုပဲ ခံစားရတယ် ပြောဆိုတာတွေရှိပါတယ်"
ဦးသီဟစော (မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ ဥက္ကဌ) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကတော့ အစိုးရရဲ့တစ်နှစ်တာကာလအတွင်း ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲ ၁၆ ကြိမ်အထိ jပုလုပ်ပေးခဲ့တဲ့အပြင် စာနယ်ဇင်းလွပ်လပ်ခွင့်ရရှိအောင် အကောင်း ဆုံးဆောင်ရွက်ပေးခဲ့တယ်လို့ ဒီကနေ့ အခမ်းအနားမှာပြောပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကိုလည်း စနစ်တကျသင်တန်းတွေပေးပြီး မီဒီယာနဲ့ ထိတွေ့ဆောင်ရွက်နိုင်ခဲ့တယ်လို့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ဒီကနေ့ကျင်းပခဲ့တဲ့ပွဲကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCOနဲ့ ဆွီဒင်နိုင်ငံတို့က ဦးဆောင်ပြု လုပ်တာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့အတူ စာနယ်ဇင်း အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။