YBS ကားတွေကို ကားအသစ်တွေ နဲ့ လဲမည်


2017.05.03
ybs-620.jpg ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: RFA

YBS ယာဉ် အစီးရေ ၂၀၀၀ ကျော်လောက်ကို မေလကုန်လောက်မှာ ကားသစ်တွေနဲ့ လဲလှယ်သွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေး မှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။

လက်ရှိပြေးဆွဲနေတဲ့ ကားဟောင်းတွေကို အစိုးရနဲ့ ကုမ္ပဏီတွေ ဝယ်ယူထားတဲ့ ကားသစ်တွေနဲ့လဲလှယ်သွားမှာဖြစ် တယ် လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

"မေလကုန်ဆိုရင် ၂၅၀၀ လောက်ရောက်မယ် အစိုးရဝယ်တာကလည်း မေလကုန်ရောက်မယ် ကုမ္ပဏီတွေက ဝယ်ထားတဲ့အစီးရေ တစ်ထောင်ကျော်လောက်ကလည်း မေလကုန်ရောက်မယ်။ အသစ်လဲဖို့က အစီးရေ လေးထောင်ကျော်ရှိတော့ နောက်ထပ်နှစ်ထောင်လောက် လိုသေးတာပေါ့"

ယာဉ်လမ်းကြောင်းပြေးဆွဲမှုတွေကိုလည်း တဆင့်ထဲနဲ့ ရန်ကုန်မြို့တွင်းရောက်နိုင်တဲ့ လမ်းကြောင်းမျိုး ပြေး ဆွဲနိုင်အောင် လေ့လာဆန်းစစ်မှုတွေဆောင်ရွက်နေပြီး ယဉ်လိုင်းတွေ ထပ်တိုးပြေးဆွဲပေးသွားမယ်လို့ ပြောပါ တယ်။

ယာဉ်နောက်လိုက်တွေ ငွေကြေးကောက်ခံတဲ့စနစ်ကို ရုပ်သိမ်းပြီး ကတ်စနစ်နဲ့ ငွေပေးချေနိုင်ဖို့ကိုလည်း လုပ်ဆောင်နေပြီး နည်းပညာပိုင်းဆိုင်ရာတွေဖြစ်တဲ့အတွက် အချိန်အတိအကျ ပြောလို့တော့မရသေးဘူး လို့ ပြောပါတယ်။

YBS ယာဉ်တွေကို စီမံချက်ယာဉ်တွေနဲ့ စောင့်ကြည့်ဖမ်းဆီးအရေးယူထားတဲ့ ယာဉ်အမှုပေါင်း ၃၉၀၀ ကျော်ရှိပြီး တိုင်ကြားတဲ့အမှုပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က အရင် မထသစနစ်ကနေ YBS စနစ်ကို စတင်ပြောင်းလဲလိုက်တာဖြစ်ပြီး အဲဒီစနစ်အပေါ် လွှတ်တေ်ာကိုယ်စား လှယ်တွေနဲ့ ပြည်သူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။