YBS ၄ဝ ပေါ်မှာ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးနေ

2021.07.07
YBS ၄ဝ ပေါ်မှာ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးနေ YBS ၄၀ ပေါ်မှာ သေဆုံးနေတဲ့ အမျိုးသမီးကို သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။
Photo: Citizen Journalist

ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝက YBS ၄၀ ပေါ်မှာ ဇူလိုင်လ ၇ ရက်နေ့က အသက် ၆၉ နှစ်အရွယ်အမျိုးသမီးဦး ထိုင်လျက် သေဆုံးနေတာတွေ့ရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအဖွဲ့က RFA ကို ပြောပါတယ်။

မနက် ၁၀ နာရီမှာ YBS ၄၀ ပေါ်ပါ အမျိုးသမီးသေဆုံးနေကြောင်း အကြာင်းကြားချက်ရခဲ့ပြီး PPE ဝတ်စုံဝတ်စုံဝတ်ပြီး ကားပေါ်စစ်ဆေးကြည့်ရာမှာ ခုံပေါ်ထိုင်လျက် အနေအထားနဲ့ သေဆုံးနေတာလို့ အင်းစိန်မြို့နယ် ကြက်ခြေနီအဖွဲ့ရဲ့ မြို့နယ်တပ်ဖွဲ့မှူး ကိုနီထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ စနစ်တကျ ထုတ်ပိုးပြီးတော့ (အလောင်းကို) အင်းစိန်မြို့နယ်ဆေးရုံကို ရတနာကားနဲ့ (နာရေးကူညီမှု)ပဲပို့ဆောင်ပေးခဲ့ပါတယ်။ အင်းစိန်ဆေးရုံမှာတော့ ကိုဗစ်ဆရာဝန်က စစ်ဆေးတယ်။ အပြင်ဒဏ်ရာ၊ အတွင်းဒဏ်ရာစစ်ဆေးတယ်။ ဓမ္မတာအရ သေဆုံးကြောင်း ဟုတ်မဟုတ် စစ်ဆေးတယ်။ စစ်ဆေးပြီးတော့မှ ရင်ခွဲရုံကို ပို့ဆောင်ပါတယ်"

သေဆုံးသူကို စစ်ဆေးနေဆဲဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိနဲ့ ဘယ်လိုရောဂါကြောင့် သေဆုံးတယ် ဆိုတာကိုတော့ လောလောဆယ်မသိရသေးဘူးလို့ ကိုနီထွန်းကပြောပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ သေဆုံးသူမှာ ဆီးချို သွေးချို နဲ့ နှလုံးရောဂါအခံ ရှိနေတယ်လို့ ကိုနီထွန်းကပြောပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw kyaw
2021-07-08 04:07

ပြည်တွင်းသတင်းကိုအစဉ်မပြတ်ပို့နေသည့်အတွက်အထူးကျေးဇူးတင်ပါတယ်