တပ်မတော်နဲ့ TNLA တိုက်ပွဲ ဆက်ဖြစ်


2017.05.03
tnla-620.jpg TNLA တပ်မဟာ၂ ဒေသအတွင်းက တပ်သားတချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ဟွမ်ရွာ အနီးတဝိုက်မှာ တပ်မတော်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ တယ်လို့ နမ့်ဟွမ်ရွာက ရာအိမ်မှူး ဦးအောင်ခင်ကပြောပါတယ်။

TNLA တအာင်းပလောင်အဖွဲ့နဲ့ တပ်မတော် တို့ဟာ မနေ့က မနက် ၁၀ နာရီလောက်က စတင်ပြီး ဒီနေ့ နေ့လည်ထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ နမ့်ဟွမ်ရွာက ဦးအောင်ခင်ကပြောပါတယ်။

"ကျနော်တို့ရွာဘက်အောက်ဖက်မှာ ဖြစ်တာ၊ ရွာနဲ့နီးတယ်၊ဒီနေ့လည်းသူတို့ လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်၊ အခုလေးပဲ အသံတိတ်သွားတာ"

တိုက်ပွဲကြောင့် နမ့်ဟွမ်ရွာထဲကို မနေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အဲဒီရွာက အသက် ၇၀ ဝန်းကျင် အဘွားအိုတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကတည်းက အစိုးရစစ်တပ်ဘက်က TNLA တပ်တွေရှိရာကို ထိုးစစ် ဆင်လာတဲ့အတွက် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပြီး ကွတ်ခိုင်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA တအာင်းပလောင် အဖွဲ့ထံကသိရပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးဘဲ ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။