မြန်မာ့ စာနယ်ဇင်း လွတ်လပ် ခွင့် မျှော်မှန်းထားသလို မတိုး တက်သေး
2017.05.03

မေလ ၃ ရက်နေ့ဟာ World Press Freedom Day ဖြစ်တာမို့ ၂၀၁၇ ခု ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အခြေ အနေဆိုပြီး နယ်စီးမခြား သတင်းထောက်များအဖွဲ့ RSF က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မျှော်မှန်းထားသလို တိုးတက်မှု မရှိပေမယ့် အရင်နှစ်တွေက ထက်တော့ ကောင်းလာပြီး နိုင်ငံပေါင်း ၁၈၀ မှာ ၁၃၁ အဆင့်ကို တက်လာတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီနိုင်ငံ ဖြစ်လာပြီ ဆိုပေမယ့် မြန်မာစာနယ်ဇင်းသမားတွေအနေနဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို မရ ကြသေးဘဲ ပုဒ်မ ၆၆-ဃ နဲ့ ဖမ်းဆီးတရားစွဲဆိုတာတွေ ရှိနေတဲ့အတွက် ကိုယ့်လက်ကိုယ် ချုပ်ထားကြရတယ်လို့ ဆိုထားပါတယ်။
အာရှတိုက်မှာ တော်တော်ကလေး လွတ်လပ်စွာ ရေးသားနိုင်တာ ထိုင်ဝမ်တနိုင်ငံသာရှိတယ်လို့ ဖေါ်ပြထား ပါတယ်။ မီဒီယာသမား ၁၀၀ ကျော်ကို အကျဉ်းချထားတဲ့ တရုတ်ပြည်က အဆင့် ၁၇၆ မှာ ရှိနေပြီး မြောက်ကိုရီး ယားက အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။