သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-02
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်မောင်ဝင်းဟာ စက်တင်ဘာလ ၂ ရက် ဒီနေ့ မနက် ၈ နာရီခန့် ရွှေလင်ဗန်းစက်မှုဇုန်ထဲက ဗန်မော်အတွင်းဝန်လမ်းမပေါ်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားပါတယ်။
2021-09-01
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာသား ၁၂ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေကပင် စစ်ကောင်စီကောင်စီရဲ့ဖမ်းဆီးမှုကို ခံထားရတယ်လို့ ဒေသခံကျေးရွာသားတွေက RFA ကိုပြောပါတယ်။
2021-09-01
တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ် ဆွန်းကော်ရှန်းဟာ မြန်မာနိုင်ငံကို သီတင်းတစ်ပတ်ကြာ လာရောက်ပြီး မြန်မာ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ပါတယ်။
2021-09-01
အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှုလက်အောက်မှာ အလုပ်မဆင်းဘဲ CDM လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်တွင်းရှိ အရင်အစိုးရလက်ထက် ဝန်ထမ်းတွေကို ထိထိရောက်ရောက် ကူညီပံပိုးဖို့ ဆောင်ရွက်နေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။ CDM ဝန်ထမ်းအများအပြား ကလည်း သူတို့မှာ အခက်အခဲရှိပေမယ့် အဲဒီလိုပေးမယ့်ငွေကို နွေဦးတော်လှန်ရေး လျှင်လျှင်မြန်မြန် အောင်မြင် ရေးအတွက်ပဲ အသုံးပြုစေချင်တယ်လို့ ပြောပါတယ်။
2021-09-01
စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်ဒါရိုက်တာမောင်မိုးသူဟာ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၆နာရီ ၅၁မိနစ်မှာ ကွယ်လွန်သွားကြောင်း သားဖြစ်သူကိုပန်းသီးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
2021-09-01
ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့ထဲ တရားမဝင် ဝင်လာတဲ့ မြန်မာ နိုင်ငံသား ၂၄ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။ မဲဆောက်မြို့ အရှေ့ဘက် ဖဝေါကျေးရွာက တောင်ယာမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး အမျိုုးသား ၁၆ ဦးတို့ကို သတင်းအရ ထိုင်းနယ်ခြားစောင့်တပ် အမှတ်- ၁ ခြေလျင်တပ်ရင်းက ဖမ်းဆီးခဲ့တာလို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
2021-09-01
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတာ ရက်ပေါင်းတစ်ရာပြည့်ပြီဖြစ်တဲ့ အမေရိကန် သတင်းထောက် Danny Fenster ကိုပြန်လွှတ်ပေးဖို့ မိသားစုက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
2021-09-01
မြန်မာနိုင်ငံမှာ အထူးဂရုစိုက်ရမယ့် Delta မျိုးရိုးဗီဇပြောင်းမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကို လူ ၁၅ ဦးမှာ စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။
2021-09-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို ဩဂုတ်လ ၃၁ ရက် မနေ့က ရန်ကုန် ဗဟန်းမြို့နယ်က နေအိမ်တစ်အိမ်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကို ဒီကနေ့ပြောပါတယ်။
2021-09-01
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒီနေ့အထိ ကျေးရွာပေါင်း ၃၀ လောက်က လူပေါင်း ငါးသောင်းလောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ကျေးရွာတချို့မှာလည်း တိုက်ပွဲတွေကြောင့် ထပ်မံထွက်ပြေးရသူပေါင်း ရှစ်ထောင်လောက်ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2021-09-01
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ကိုကိုအောင်ထက်နိုင်ကို စက်တင်ဘာလ ၁ ရက် မနေ့မနက် ၉ နာရီလောက်က စစ်ကောင်စီသြဇာခံရဲတပ်ဖွဲ့က ဝင်ဖမ်းဆီးတဲ့အချိန်မှာ သူ့ကို မတွေ့လို့ဆိုပြီး သူ့ရဲ့မိခင် ဒေါ်ဝင်းမာကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-01
အာဏာကို ရေရှည်ယူထားမှာ မဟုတ်ဘဲ နှစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်ကောင်စီက ပြောဆိုပေမယ့် မြန်မာ့သမိုင်းမှာ စစ်တပ်ဟာ ခေတ်အဆက်ဆက် အပြောနဲ့အလုပ် မညီခဲ့တာကြောင့် အယုံအကြည် မရှိဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။
2021-09-01
ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကို စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက်နေ့ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေါ်ခင်စန္ဒာဝင်း ကိုယ်တိုင် စက်တင်ဘာလ ၁ ရက် ဒီကနေ့ ညနေပိုင်း ဦးနိုင်ငံလင်းရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။
2021-09-01
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာက ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး ဦးရူဘီအာလောမ်ကို သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ မနေ့က မောင်တောမြို့နယ် ဆေးရုံကို ရုပ်အလောင်းလာပို့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။
2021-09-01
မကွေးတိုင်း၊ ပေါက်မြို့နယ် ရေပြာကျေးရွာက ပရဟိတသမားနှစ်ဦးကို ဖောက်ခွဲမှု လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ်လ ၃၀ ရက် မနေ့ည ၁၁ နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကို ပြောပါတယ်။