သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-02
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2021-11-02
အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ဟာ နိုဝင်ဘာလ ၂ ရက် ဒီနေ့ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ကျန်းမာရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
2021-11-02
ချင်းပြည်နယ် (တောင်ပိုင်း) မတူပီမြို့ကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ် သားတွေရဲ့ ယာဉ်တန်းကို နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက်ပိုင်း မင်းတပ်မြို့ အနောက်ဘက် မိုင် ၅၀ အကွာအရောက်မှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
2021-11-02
ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပြည်မြို့မှာ နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက် ၁၀ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်ကို ထောက်ခံပွဲပြုလုပ်နေချိန် ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-02
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သရက်ကန်ရွာမှာ တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံ သုံးဦးကို နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-02
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ယခင်က ငွေဒဏ်သာ ရှိခဲ့ရာကနေ စစ်ကောင်စီက ထောင်ဒဏ်တွေ တိုးမြှင့်ပြီး နိုဝင်ဘာ ၁ ရက် မနေ့က ရက်စွဲနဲ့ ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။
2021-11-02
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာမှာရှိတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုဝေယံစိုးရဲ့နေအိမ်ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက် အစောပိုင်း ၁ နာရီခန့်လောက်က စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတယ် လို့ သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
2021-11-02
သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေက မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို နိုင်ငံအနောက်ဘက် ပါ့သ်မြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2021-11-02
ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်အဆောက်အအုံတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်လို့ မီးလောင်ပျက်စီး ရတဲ့အတွက် ညီနောင်ချင်းလူမျိုးတွေနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က နိုဝင်ဘာလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-11-02
နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း ထောင်ချထားတဲ့သူတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ ပူးပေါင်းပြီး တောင်းဆိုလိုက်တယ်လို့ အိမ်ဖြူတော်က မနေ့က နိုဝင်ဘာလ ၁ ရက်မှာ ကြေညာလိုက်ပါတယ်။
2021-11-01
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ စာပေနယ်ပယ်က အနုပညာရှင်တချို့ကို အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံပြီး နယ်ပယ်တစ်ခုစီအတွက် ငွေကျပ်သိန်း ၁ဝဝဝ စီ ထောက်ပံ့ပေးကမ်းခဲ့ပါတယ်။
2021-11-01
"ဘာမှလုပ်လို့မရတော့ ဘယ်လိုမှ အဆင်မပြေဘူး၊ ကိုယ့်ဟာကိုယ်အိမ်မှာ ထိုင်နေရင်း ငါတော့ ငတ်များငတ်မလားဆိုပြီး တွေးတွေးနေမိတယ်"
2021-11-01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဒီနေ့အချိန် ကိုးလအထိ ကြာလာခဲ့ပြီဖြစ်ပါတယ်။ ဒီကိုးလအတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေနဲ့ ကျေးလက်တွေမှာ ပြည်သူတွေရဲ့ လုံခြုံရေးတွေ ပိုမိုဆိုးရွားလာနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ သူတို့ဟာ တိုင်းပြည်ကို ပိုကောင်းအောင် လုပ်နေကြောင်း တုံ့ပြန်ပါတယ်။
2021-11-01
တရုတ် - မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာရံနေတာတွေဟာ နယ်စပ်စီမံခန့်ခွဲမှု ကောင်းအောင်လုပ်ဆောင်တာသာဖြစ်ပြီး မြန်မာပိုင်နက်ထဲကို ၀င်ရောက်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက RFA ကို ဒီကနေ့မှာ အီးမေးလ်နဲ့ အကြောင်းပြန် ပါတယ်။
2021-11-01
ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ပူးပေါင်း စစ်ဆင်ရေးတွေကြောင့် အောက်တိုဘာအတွင်း စစ်ကောင်စီဘက်က ၃၉ ဦး သေဆုံး ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ နေပြည်တော် PDF က အောက်တိုဘာ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။