သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-02
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရာဇဝတ်မှုတွေ လျော့နည်းကျဆင်းရေး ဆိုင်ရာ အားထုတ်မှု တစိတ်တပိုင်းအနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် မူကြမ်းရေး ဆွဲနေကြောင်း နိုင်ငံတော် ဒုသမ္မတ (၁) ဦးမြင့်ဆွေက ပြော ပါတယ်။
2016-10-02
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက လွှတ်တော်တွေအပေါ် သြဇာလွှမ်းမိုးမှုတွေ ရှိနေသလို တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို ဗဟိုအစိုးရက ချုပ်ကိုင်မှုတွေရှိနေတာကြောင့် အပြန်အလှန် ထိန်းကြောင်းနိုင်မှု အားနည်းတာတွေရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။
2016-10-02
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဗဟိုကော် မတီဝင် ခိုင်မျိုးထွန်းကို အမေရိကန်နိုင်ငံရောက် ရခိုင်တိုင်း ရင်းသားတွေက ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆုကို စစ်တွေမြို့မှာ ဒီနေ့ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
2016-10-02
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးဖို့ ကချင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အမျိုးသမီး အဖွဲ့အစည်း ၄၀ လောက်က မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆို လိုက်ပါတယ်။
2016-10-02
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် က မန္တလေး နည်းပညာတက္ကသိုလ် ဧရိယာအတွင်း ပိုလျှံနေတဲ့ မြေဧက ၆၀၀ မှာ ပြန်လည် စိုက်ပျိုးခွင့်ပြုဖို့ တောင်သူတွေက ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။
2016-10-02
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာနဲ့ ချောင်းဦး မြို့နယ်တွေရှိ ကြာဇံစက်ရုံတွေက စွန့်ပစ် တဲ့ ရေဆိုးတွေကြောင့် ချောင်းတွေ ထဲက ငါးတွေ အများအပြားသေဆုံးခဲ့တဲ့ အတွက် လုပ်ငန်းရှင်တွေ ကို ပြုပြင်ဖို့ သတိပေးထားတယ်လို့ စစ်ကိုင်းတိုင်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန က ပြောပါတယ်။
2016-10-02
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ လေ့လာဖို့အတွက် ၉ ရက် ကြာ တောင်အာဖရိ ကနိုင်ငံကို သွားရောက်လေ့လာနေပါတယ်။
2016-10-02
ကရင်ပြည်နယ် မာနယ်ပလောဒေသဘက် ကို ဒီကေဘီအေခွဲထွက်အဖွဲ့တွေ ရောက် ရှိလာတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဒေသဘက် က ဒေသခံတွေဟာ မြိုင်ကြီးငူဒေသက စစ်ဘေးဒုက္ခသည် စခန်းကို ထွက်ပြေးလာကြတဲ့အတွက် ဒုက္ခသည်အရေ အတွက် ၅ ထောင်ကျော်နေပြီဖြစ်တယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
2016-10-01
ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံရှိ အလုပ်သမားတွေရဲ့ အခွင့်အရေး မြှင့် တင်ရေးအတွက် ပါဝင်ဆောင်ရွက်နေကြောင်း စက်တင်ဘာ ၃ဝ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
2016-10-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရခိုင်တိုင်းရင်း သားကျေးရွာ ၁ဝ ရွာကျော်အပါအဝင် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့(WFP)က အကူအညီတွေပေးနေ တဲ့ ကျေးရွာပေါင်း ၃ဝ ကျော်ကို ဒီလကစပြီး စားနပ် ရိက္ခာအကူအညီတွေ ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။
2016-10-01
အကြမ်းဖက်မှုအပါအဝင် မှုခင်းအမျိုးမျိုးကို ထိန်းချုပ်နိုင်ဖို့အတွက် တရားစီရင်ရေး စနစ်အပေါ်မှာသာ မှီခိုအားထားခြင်းမပြုဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင်ရရှိရေး ကဏ္ဍပေါင်း စုံတို့က ပူးပေါင်းဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။
2016-10-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခအတွင်း မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာ ၃ဝ ကျော်ကို ၄ နှစ်ကျော် အကူအညီတွေပေးခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ဒီလကစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းတော့ မှာဖြစ်ပါတယ်။
2016-10-01
မန္တလေးတိုင်းမှာရှိတဲ့ စက်ရုံတွေကို တိုင်း အစိုးရအဖွဲ့က လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ရေဆိုးစွန့်ပစ် တာတွေ့ရှိရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။
2016-10-01
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် မြစ်ကြီးနား မြို့ အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့လိုက်ပါတယ်။
2016-10-01
ဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ် ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာ အနီးမှာ အစိုးရနဲ့ ကေအိုင်အိုတပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြ ပါတယ်။