အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ တောင် အာဖရိကကို သွားရောက်လေ့ လာ


2016.10.02
21-panglong-620.jpg ၂၁ ရာစုပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေ လေ့လာဖို့အတွက် ၉ ရက်ကြာ တောင်အာဖရိကနိုင်ငံကို သွားရောက်လေ့လာနေပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အထောက် အကူဖြစ်စေဖို့အတွက် သွားရောက်လေ့လာတာဖြစ်တယ်လို့ အစိုးရသတင်းစာတွေမှာ သတင်းထုတ်ပြန် ထားပါတယ်။

အဲဒီခရီးစဉ်မှာ အစိုးရနဲ့ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ နိုင်ငံတော် သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်ပါတယ်။

တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း နဲ့ ဗိုလ်မှူးချုပ် စိန်ထွန်းလှ တို့ ပါဝင်ပြီး အစိုးရနဲ့ NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုယ်စား ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အထွေထွေ အတွင်းရေးမှူး (၂) ဦးစိုင်းလ၊ ချင်းအမျိုး သားတပ်ဦး CNF ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ လျန်မှုန်းဆာခေါင်နဲ့ ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဦးဆောင်နာယက ခွန်ဥက္ကာ တို့ ပါဝင်ပါတယ်။

NCA လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိုယ်စား ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဌ ခူဦးရယ်၊ မွန်ပြည်သစ်ပါတီ NMSP အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က စိုင်းဟင်စိုင်း၊ “ဝ” အထူးဒေသ (၂) က ဘဏ္ဍာရေးဦးစီးမှူး ဦးညီလင်း နဲ့ မိုင်းလား အထူးဒေသ ၄ က ဦးစိုင်းမောက် တို့ လိုက်ပါသွား တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။