မြန်မာကို လက်နက်တင်ပို့မှု တောင်အာဖရိက ဆိုင်းငံ

RFA Burmese
2024.07.20
မြန်မာကို လက်နက်တင်ပို့မှု တောင်အာဖရိက ဆိုင်းငံ နေပြည်တော်တွင် ၂ဝ၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် စစ်လက်နက်ပစ္စည်းများ။
Photo: RFA

သောကြာနေ့က တောင်အာဖရိက ဗဟိုတရားရုံးကနေ မြန်မာနိုင်ငံ အပါအ၀င် အာဏာသိမ်း အစိုးရများ၊ စစ်ရာဇ၀တ်မှု ကျူးလွန်သူများထံ လက်နက်ရောင်းခြင်းများကို ပြန်လည်သုံးသပ်ရန်နှင့် ဆိုင်းငံထားရန် အမျိုးသားလက်နက် ရောင်းချရေးကော်မတီကို အတည်ပြုပေးလိုက်တယ်လို့ တောင်အာဖရိကနိုင်ငံ လူ့အခွင့်အရေး နဲ့ ဥပဒေရေးရာ အဖွဲ့ SALC က ထုတ်ပြန်ချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။

တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဗဟိုတရားရုံးကို SALC အဖွဲ့ က ၂၀၂၂ခုနှစ်က တင်သွင်းတဲ့ အမှုတွဲအပေါ် ဆုံးဖြတ်ချက်ချလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ဟာ လက်နက်ရောင်းချတဲ့ နိုင်ငံဖြစ်တဲ့ တောင်အာဖရိကနိုင်ငံအတွက် တာ၀န်ခံမှု၊ တာ၀န်ယူမှုရှိစေရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ SALC အဖွဲ့ တာ၀န်ခံက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ နောက်ပိုင်းကတည်းက လက်နက်ရောင်းချမှုတွေကို ဆိုင်းငံထားတာလို့ SALC ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တောင်အာဖရိကနိုင်ငံက ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံကို ဒေါ်လာ ၁၂ သန်းဖိုးနီးပါး လက်နက်များ တင်ပိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။