တောင်အာဖရိကနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
2011.10.03

Yonhap News
ဂျိုဟန်နက်စဘတ် တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဗီဒီယိုက တဆင့် တွေ့ဆုံမေးမြန်းပွဲမှာ အခုလို ဝေဖန် ပြောဆိုခဲ့တာပါ။
ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်အာဖရိက အာဏာပိုင်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ရုန်းကန် ရင်ဆိုင် နေရတာတွေ အပေါ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးလောက် အူလှိုက်သည်းလှိုက်
အားမပေးကြဘူးလို့ ခံစားရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တောင်အာဖရိက ပြည်သူတွေကို စိတ်ဓာတ် တူသူတွေ၊ တူညီတဲ့ တိုက်ပွဲတွေကို တိုက်နေကြတဲ့ ညီအစ်ကို မောင်နှမတွေ အဖြစ် သဘောထားကြောင်း၊ တိုက်ပွဲကို ပြီးမြောက် အောင်မြင်သွားသူတွေ အနေနဲ့ ဆက်လက်ပြီး ကြိုးစား ရုန်းကန်နေကြရဆဲ သူတွေကို အမှတ်ရကြဖို့ ကောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ မွေးနေ့ပွဲကို ဖိတ်ကြားခံရသူ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမားကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးဘဲ နှောင့်နှေးတဲ့ ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။