မောင်တောမြို့နယ်မှာ WFP ရဲ့ စားနပ်ရိက္ခာ အကူအညီတွေ ရပ်ဆိုင်းမည်


2016.10.01
maungtaw-city-620.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာ ၃ဝ ကျော်ကို ၄ နှစ်ကျော် အကူအညီတွေပေးခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဒီလကစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။

အရေးပေါ်ကူညီကယ်ဆယ်ရေးအဆင့်ကနေ ဖွံ့ဖြိုးရေးအဆင့်ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာတွေကို ရပ်တန့်လိုက်တာလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ရဲ့ စားနပ်ရိက္ခာအကူအညီတွေကို တာဝန်ယူဖြန့်ဝေပေးနေတဲ့ Action for Green Earth(AGE) အဖွဲ့ရဲ့ ဥက္ကဌ ဦးချစ်မြက ပြောပါတယ်။

ခရေမြိုင်၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ကိုင်းကြီး၊ သရေကုန်ဘောင် စတဲ့ မောင်တောမြို့နယ် တောင်ပိုင်း က  ကျေးရွာတွေကို စက်တင်ဘာနဲ့ အောက်တိုဘာတို့အတွက် နှစ်လစာ အကူအညီတွေပေးပြီး ရပ်တန့်လိုက် ပြီဖြစ်သလို မောင်တောမြောက်ဘက်က ကျေးရွာတွေကိုတော့ အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လစာ တစ်ခါတည်းပေးပြီး ရပ်တန့်မှာဖြစ်ပါတယ်။

အဲဒီကျေးရွာတွေကို လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လူတစ်ဦးချင်းစီအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို ကူညီပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။