မောင်တောမြို့နယ်မှာ WFP ရဲ့ စားနပ်ရိက္ခာ အကူအညီတွေ ရပ်ဆိုင်းမည်
2016.10.01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာ ၁ဝ ရွာကျော်အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က အကူအညီတွေပေးနေတဲ့ ကျေးရွာပေါင်း ၃ဝ ကျော်ကို ဒီလကစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ရဲ့ စားနပ်ရိက္ခာအကူအညီတွေကို တာဝန်ယူဖြန့်ဝေပေးနေတဲ့ Action for Green Earth(AGE) အဖွဲ့ရဲ့ ဥက္ကဌ ဦးချစ်မြကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။