မြန်မာအလုပ်သမားတွေ အတွက် ဆောင်ရွက်နေဟု EU ပြောဆို
2016.10.01

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံရှိ အလုပ်သမားတွေရဲ့ အခွင့်အရေးမြှင့်တင်ရေးအတွက် ပါဝင်ဆောင် ရွက်နေကြောင်း စက်တင်ဘာ ၃ဝ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အဲဒီစာမှာ မြန်မာပြည်မှာ လုပ်ငန်းခွင်အခြေအနေ တိုးတက်မြင့်မားရေးနဲ့ ရေရှည်တည်တံ့တဲ့ ကုန်သွယ်မှု မူဝါဒ ဖေါ်ဆောင်ရေးအတွက် ဥရောပသမဂ္ဂက လက်တွေ့လုပ်ဆောင်နေကြောင်း၊ မြန်မာ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဒိန်းမတ်၊ ဂျပန်နဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့တို့ ပူးပေါင်း ပြီး မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြောင်း စသဖြင့် ဖေါ်ပြ ထားပါတယ်။
ဒါ့အပြင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၉ နဲ့ ၃ဝ ရက်နေ့တွေက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပါဝင် ပတ်သက်သူများ နှီးနှောပွဲမှာလည်း ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေ ကို ဆွေးနွေးခဲ့ကြောင်း ဥရောပ သမဂ္ဂ EU ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။