သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-08
၈ လေးလုံးနေ့ အထိမ်းအမှတ် အခမ်း အနားတွေကို ဒီနေ့ မြန်မာနိုင်ငံ နေရာ အတော်များများမှာ ကျင်းပကြသလို တရုတ်မြန်မာနယ်စပ် ABSDF မြောက်ပိုင်း ဗဟိုဌာနချုပ် မှာလည်း ကျင်းပကြပါတယ်။
2016-08-08
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေး ကို နေပြည်တော်မှာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2016-08-08
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော်ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွား မှုတွေ ရှိနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထင်လင်းက ပြောပါတယ်။
2016-08-08
ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မွန်နဲ့ ကချင် စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၈ ခုမှာ ရေကြီးရေလျှံ မှုကြောင့် ရေဘေးဒုက္ခရောက်နေတဲ့ လူဦးရေ ၄ သိန်းနီးပါး အတွက် ငွေကျပ်သိန်းပေါင်း ၃၅ဝဝ နီးပါးဖိုး ဆန်ရိက္ခာနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးထား ပါတယ်။
2016-08-08
ရက္ခိုင့်တပ်မတော် AA၊ တအာင်း လွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၊ ကိုးကန့်တပ်မတော် MNDAA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် သြဂုတ်လ ၉ ရက်နေ့ မှာ မိုင်းလားမြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
2016-08-08
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည် တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး နဲ့ တရား ဥပဒေစိုးမိုးရေးကိစ္စတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2016-08-08
ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွား တဲ့နေ့ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ကို "မြန်မာနိုင်ငံ ဒီမိုကရေစီနေ့" အဖြစ် တရားဝင်သတ်မှတ်ပေး ဖို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်ပြည့် နှစ် ပတ်လည်နေ့ အခမ်းအနားမှာ အစိုးရကို တောင်းဆိုလိုက် ပါတယ်။
2016-08-07
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ဆန် ရိက္ခာကူညီဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် သိန်း ၅၂ဝ ကျော် လျာထားပါတယ်။
2016-08-07
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အလုပ်သမားအရေး ကူညီသူတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ခေါ် ယူမေးမြန်းမှုတွေ ခံနေရသလို ဖမ်းဆီးဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
2016-08-07
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံး ဒီမိုကရေစီလူထုအုံကြွမှုကြီးဖြစ်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ဒီနေ့ဆို ၂၈ နှစ်ပြည့်မြောက်ခဲ့ပါပြီ။
2016-08-07
မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ ပန်ဒိုရာ အဆီကျလုပ်ငန်းက အနှိပ်စက်ခံရတဲ့ အလုပ်သမတွေကို ကယ်ထုတ်ထားတဲ့ မန္တလေးနိုင်ငံရေးအင်အားစုအဖွဲ့က ဒေါ်အမာနီစီးလာတဲ့ ကားရော ပန်ဒိုရာအမှုကို စုံစမ်းရေးသားနေတဲ့ အရင်မန္တလေးအလင်း သတင်းစာတိုက်က သတင်းထောက်ချုပ်စီးလာတဲ့ မော်တော်ဆိုက်ကယ်ပါ မနေ့ညက ကားတစ်စီးရဲ့အတိုက်ခံရပါတယ်။
2016-08-07
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေက ရေဘေးဒုက္ခ သည်တွေကို ဒီနေ့ သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
2016-08-07
တရုတ်-မြန်မာ နယ်စပ် ဆဒုံး-ကန်ပိုင်တီ-လိုင်ဇာ ဒေသ ကေအိုင်အေထိန်းချုပ် နယ်မြေ လုဟောင် စစ်ဘေးဒုက္ခသည်စခန်း အနီးတစ်ဝိုက် မှာ ကိုးကန့်လို့ယူဆရသူ တရုတ်စကားပြောတဲ့ လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းရောက်ရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2016-08-07
ကျန်းမာရေးမှူးအောင်လက်မှတ် မရှိထား သူတွေကို ကျန်းမာရေးမှူးအဖြစ် ခန့်အပ် တာဝန်ပေးနေတာတွေကို ရပ်တန့်ဖို့နဲ့ ကျန်းမာရေးမှူးတွေကို တခြားဌာနတွေမှာ ရွှေ့ပြောင်းတာဝန် ပေးတာတွေကို မလုပ်ဖို့ လွိုင်ကော်မြို့၊ မြစ်ကြီးနားမြို့နဲ့ ရန်ကုန်မြို့တို့မှာ ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်ပြီး တောင်းဆို လိုက်ပါတယ်။
2016-08-07
ရန်ကုန်မြို့ပြည်လမ်းပေါ်က Young Investment Group(YIG) ကုမ္ပဏီဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို လိုက်နာမှုမရှိတဲ့အတွက် အရေးယူပေးဖို့ ကုမ္ပဏီဝန်ထမ်းတွေက ဒီနေ့ တာမွေမြို့နယ် က ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။