ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ သိန်း ၅၂ဝ ကျော် လျာထား


2016.08.07

ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ဆန်ရိက္ခာကူညီဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ်သိန်း ၅၂ဝ ကျော် လျာထားပါတယ်။

လက်ရှိ  ဓနုဖြူမြို့နယ်နဲ့ ဟသာၤတမြို့နယ်က ကျေးရွာတစ်ရွာစီအတွက် ငွေကျပ် ၇၅ သိန်းဖိုး ဆန်ရိက္ခာတွေ ထောက်ပံ့ပေးထားတယ်လို့ ရေဘေးဒုက္ခသည်တွေကို တွေ့ဆုံကူညီပေးနေတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်သူရိန် က ပြောပါတယ်။ ဒေါက်တာအောင်သူရိန် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။