ငြိမ်းချမ်းရေးကော်မရှင်နဲ့ AA, TNLA, MNDAA တို့ တွေ့ဆုံမည်


2016.08.08
maila-620.jpg နေပြည်တော်ကို ဇူလိုင်လ ၂၈ ရက်နေ့က ရောက်ရှိလာတဲ့ မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း(အလယ်)နဲ့အဖွဲ့ကို ငြိမ်းချမ်းရေးကော် မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး(ဝဲ)၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်(ယာ)တို့နဲ့အတူ တွေ့ရစဉ်
Photo: Kyaw Ye Myo Chit

ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၊ ကိုးကန့်တပ်မတော် MNDAA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် သြဂုတ်လ ၉ ရက်နေ့မှာ မိုင်းလားမြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်နိုင်ရေးအတွက် တစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းမှာဖြစ်တယ်လို့ ညီလာခံအကြိုပြင် ဆင်ရေးကော်မတီရဲ့ ရုံးအဖွဲ့တာဝန်ခံ ဦးကျော်လင်းဦးက ပြောပါတယ်။

"တွေ့တာက မနေ့မှတွေ့မယ်၊ သွားတာက ဒီနေ့သွားတာပါ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်(အငြိမ်းစား) နောက်အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်ရယ် သုံးယောက်သွားပါတယ်၊ တစ်ရက်ပဲဖြစ်မယ်ထင်တယ်၊ ၁ဝ ရက်နေ့ပြန်လာမှာကိုး၊ မိုင်းလားခရီးစဉ်မှာလည်း ဒီသုံးဖွဲ့နဲ့ အလွတ်သဘောတွေ့ခဲ့တာရှိတယ်၊ နောက်ထပ်တွေ့ဖို့က နှစ်ဘက်အဆင်ပြေတဲ့နေရာ စဉ်းစားတော့ မိုင်းလားက သင့်တော်တဲ့နေရာဖြစ်နေတာပေါ့"

လာမယ့်သြဂုတ်လ ၁၁ ရက်နေ့ ရန်ကုန်မြို့မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည် သုံးသပ်ရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို ဖိတ်ကြားမှာဖြစ် တယ်လို့လည်း ဦးကျော်လင်းဦး က ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နဲ့ ကော်မရှင်အကြံပေးခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်ကြည်တို့ သွားရောက်တွေ့ဆုံ တာဖြစ်ပါတယ်။

ညီလာခံကို မူလစီစဉ်ထားတဲ့အတိုင်း သြဂုတ်လနောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့အတွက် ပြင်ဆင်နေ တာဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။