သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-05
ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာပြီး မြစ်ကြီးနားမြို့ကို ပြန်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မြစ်ကြီးနားလေဆိပ်မှာ ပြန်ပြီးဖမ်းဆီးလိုက်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2022-12-05
မကွေးတိုင်း၊ ရေစကြို့မြို့ အမှတ်(၁) ထင်းတန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်ဆွဲထားတဲ့နေရာကို ဒီဇင်ဘာလ ၄ ရက် မနေ့က PDF ပူးပေါင်းအဖွဲ့တွေ လာရောက်တိုက်ခိုက်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကအရာရှိတွေ အပါအဝင် ၃၀ ကျော် သေဆုံးတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။
2022-12-05
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား လေးလကျော်ကြာတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2022-12-05
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဝင်းဌေးဟာ မနေ့က ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလ ၅ ရက်၊ ဒီနေ့မှာ သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-05
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က ကျေးရွာခြောက်ရွာကို ဒီဇင်ဘာလ ၄ ရက်ကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းနေလို့ အရပ်သား တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-05
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇၀ ကျော်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာတင်ထားကြပြီး ဒီဇင်ဘာ ၄ ရက်နေ့ မနေ့က မြို့နယ်ရုံးက အစည်းအဝေးခေါ်တဲ့အခါမှာ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် သွားမတက်ကြဘူးလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
2022-12-05
သေဆုံးထိခိုက်မှု စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ခဲ့တာပါ။ အဲဒီအထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး နှစ်လအတွင်း အရပ်သား ၂၇ ဦး သေဆုံး၊ ၆၇ ဦးအထိ ဒဏ်ရာရခဲ့ပါတယ်။
2022-12-05
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားအုပ်စု ငွေနံ့သာကျေးရွာ အမှတ် ၇ ကားလမ်းမဘေး အမှိုက်ပုံမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၅ ရက် ဒီမနက် ၃ နာရီ ဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-05
နေပြည်တော်၊ လယ်ဝေးမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံက ယာဉ်ထိန်းရဲဂိတ်အနီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့ကဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဘုန်းမြတ်ကိုဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ သေဆုံးသွားပြီလို့ စစ်ကောင်စီတပ်ဘက်က မိသားစုထံ အကြောင်းကြားခဲ့ပါတယ်။
2022-12-05
စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ဒေသခံ ၅၀၀၀ နီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-05
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း လက်ရှိ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WNR) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒီဇင်ဘာ ၄ ရက် မနေ့ညနေပိုင်းက မန္တလေးလေဆိပ်မှာ အဖမ်းခံလိုက်ပါတယ်။
2022-12-04
"အစစ အရာရာ အဆင်ပြေပါစေ သူတော်ကောင်းနဲ့ တွေ့ပါစေ" လို့ ဖိုးချစ်အဖမ်းခံရတဲ့နေ့မှာ အစ်ကိုဖြစ်သူက အွန်လိုင်းမှာ ရေးထားတာတွေ့ရပါတယ်။
2022-12-04
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ပြီး လက်နက်ကိုင်ပြန်ခုခံတော်လှန်နေတယ်ဆိုတဲ့ သံသယနဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်လို့ ဖော်ပြပါရှိပါတယ်။
2022-12-04
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဘက်က မြေပြင်ရော လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-04
သေဆုံးသူ ၃၅၅ ဦးထဲမှာ ပြည်သူ ၁၆၇ ဦးနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၂၄ ဦး၊ အသက်ခြောက်လနဲ့ ခုနစ်လသားအရွယ် နို့စို့ကလေးနှစ်ဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။