ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီး ခရီးသွားခွင့် ပိတ်ပင်ထား

RFA Burmese
2022.12.05
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီး ခရီးသွားခွင့် ပိတ်ပင်ထား ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဒီဇင်ဘာလ ၄ ရက် မနေ့ညနေပိုင်းက မန္တလေးလေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တစ်ရက်ကြာ ခေါ်ယူစစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ပြည်ပခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဘာ့ကြောင့် အခုလို ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ အတိအကျ မသိရပေမယ့် ကျန်းမာရေးမကောင်းတဲ့ ဒေါက်တာ ခလမ်ဆန်ဆွန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆေးကုသခွင့် မရဘဲ မန္တလေးကနေ မြစ်ကြီးနားမြို့ဆီ Air Than lwin ‌‌လေကြောင်းလိုင်းနဲ့ ပြန်လာနေပြီလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။

မန္တလေးလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ အချက်အလက်တွေကို စစ်ဆေးရာမှာ စစ်ကောင်စီပေးပို့ထားတဲ့ ပြည်ပထွက်ခွာခွင့် မရှိသူများ စာရင်းမှာ ပါဝင်နေကြောင်း သိရတယ်လို့လည်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။