သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-04
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အတိုက်အခံတွေနဲ့ပါ အားလုံးတွေ့ဆုံဆွေးနွေးစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2022-07-04
ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်း ရခိုင်ပြည်နယ်က မြို့နယ်သုံးခုမှာ ရိုဟင်ဂျာ ၁၄ ဦး အဖမ်းခံခဲ့ရပါတယ်။
2022-07-04
ကယားပြည်နယ် (ကရင်နီ) ပြည်က ကျောင်းသူ၊ ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော်ဟာ အခုနှစ် ပညာသင်နှစ်အတွက် စစ်ကောင်စီကဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ စာရင်းပေးတက်ရောက်တာ မရှိဘူးလို့ ကရင်နီပြည်အစိုးရရဲ့ ပညာရေးဝန်ကြီးဋ္ဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2022-07-04
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်သားတွေက ဒေသခံ ၂၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဇူလိုင်လ ၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2022-07-03
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်ဖို့အတွက် မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရအနေနဲ့ အဆင်သင့်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောလိုက်ပါတယ်။
2022-07-03
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အကြမ်းဖက်နေတာတွေ ရပ်အောင်မလုပ်ဆောင်တဲ့အတွက် အာဆီယံ အရပ်ဘက် ၂၁ ဖွဲ့က ထိုင်းအစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ လူသားချင်းစာနာမှု အကူအညီတွေ နယ်စပ်ဖြတ်ပြီးပေးမယ့် ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2022-07-03
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အချက်တွေ ပါဝင်တဲ့ အကြုံပြုချက်ကို ရခိုင့်ဦးဆောင်ပါတီ (AFP) က အာဆီယံအထူးကိုယ်စားလှယ်ထံ ဇူလိုင် ၂ ရက်နေ့က အကြံပြုခဲ့တယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက RFA ကို ပြောပါတယ်။
2022-07-03
မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၃ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်မှာ ရွာထဲက နေအိမ်ငါးလုံးနဲ့ လက်လုပ်ရေနံတွင်းတွေကို မီးရှို့ခဲ့ပါတယ်။
2022-07-03
ပြည်ပကို တင်ပို့နေတဲ့ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေအတွက် ရောင်းချငွေတွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေကြဖို့ စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဇွန် ၃၀ ရက်နေ့မှာ အကြောင်းကြားလာတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
2022-07-03
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းနဲ့အတူ ပြီးခဲတဲ့ ဇွန်လ ၂၂ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ ပါတီဝင်နှစ်ဦးရဲ့ အလောင်းတွေကို ဇူလိုင်လ ၂ ရက် မနေ့က ပြန်တွေ့ခဲ့ပါတယ်။
2022-07-03
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နဲ့ မုန်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရွာပေါင်း ၅၀ နီးပါးက ဒေသခံ ၃၀၀၀၀ ခန့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
2022-07-03
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဉ်းထောင်က လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ထောင်အရာရှိဖြစ်သူ ဇော်ဇော်အောင်ဆိုသူက လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့တယ်လို့ လိင်စိတ်ခံယူမှု ကွဲပြားသူများကွန်ရက်က ပြောပါတယ်။
2022-07-02
"ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် အာဆီယံရဲ့ ကြိုးပမ်းမှုတစ်ခုတည်းနဲ့ မလုံလောက်တော့ဘဲ နိုင်ငံတကာက ဝင်ပါမှ ရတော့မယ်လို့ ရှုမြင်ပါတယ်"
2022-07-02
“သမီးတို့မှာ နေစရာ မရှိတော့ပါဘူး။ ကျောင်းမတက်ရတာလည်း ကြာပါပြီ။ စာမတတ်မှာလည်း ကြောက်ပါတယ်။ ကျောင်းလည်း နေချင်ပါတယ်။ သမီးတို့ အိမ်ပြန်မဆောက်နိုင်မှာလည်း ကြောက်ပါတယ်။ သေရမှာလည်း ကြောက်ပါတယ်”
2022-07-02
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကလေးငါးသန်း အကူအညီတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ UNICEF က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။