ဇွန်လအတွင်း ရခိုင်က မြို့နယ်သုံးခုမှာ ရိုဟင်ဂျာ ၁၄ ဦးအဖမ်းခံရ

2022.07.04
ဇွန်လအတွင်း ရခိုင်က မြို့နယ်သုံးခုမှာ ရိုဟင်ဂျာ ၁၄ ဦးအဖမ်းခံရ အမ်းမြို့နယ်၊ ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ အဖမ်းခံရသူ သုံးဦးကို တွေ့ရစဥ်
ဓါတ်ပုံ - ရခိုင်နေ့စဥ်
ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်း ရခိုင်ပြည်နယ်က မြို့နယ်သုံးခုမှာ ရိုဟင်ဂျာ ၁၄ ဦး အဖမ်းခံခဲ့ရပါ တယ်။
 
အဖမ်းခံရသူတွေဟာ ပေါက်တောမြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ်တို့က ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် သတင်းမှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က ပေါက်တောမြို့နယ်၊ သဲခုံရွာအနီးက စက်လှေတစ်ခုမှာ ရိက္ခာ၊ ငွေကျပ် ၈၇ သိန်းကျော် နဲ့အတူ ပေါက်တောမြို့နယ်က ရိုဟင်ဂျာကိုးဦးကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ရခိုင်နေ့စဉ်မှာ ရေးထားပါတယ်။
 
ဇွန် ၂၈ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ကံမြင့် စစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာသုံးဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ဟာ မင်းပြားမြို့နယ်က ပွဲစားနဲ့ ချိတ်ဆက်ပြီး ရန်ကုန်ကတစ်ဆင့် မလေးရှားနိုင်ငံကို သွား ရောက်လိုသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ဇွန် ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့ကနေ အမ်းမြို့နယ်မှာ တောင်ယာလုပ်ဖို့ ရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသားကို စစ်ကောင်စီတပ်သားတွေက အမ်းမြို့ပေါ် (၃) ရပ်ကွက်မှာ ဖမ်းဆီးခဲ့ ပါတယ်။
 
မောင်တောမြို့နယ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ အသက် ၂၉ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွား လာရင်းဖမ်းမိတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ တရားမဝင် ခိုးထွက်သူတွေနဲ့ ပင်လယ်ပြင်မှာ ဖမ်းမိသူတွေကို နေရပ်ကို ပြန်ပို့ဆောင်မှာ ဖြစ်တယ်လို့ RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။
 
ဒါပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ရခိုင်နေ့စဉ်မှာ ဖော်ပြချက်တွေအရ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်သူတွေအပြင် ရခိုင်ပြည်နယ်ထဲက မြို့နယ် တစ်ခုနဲ့တစ်ခု ခရီးသွားလာတဲ့ ရိုဟင်ဂျာတွေကိုပါ အဖမ်းခံနေရတာပါ။
 
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအကြောင်း ရေးသားထားတဲ့ Myanmar's Rohingya Genocide: Identity, History and Hate Speech ဆိုတဲ့ စာအုပ်ဖြန့်ဝေ တဲ့ လွင်ဦးစာပေဟာ ထုတ်ဝေခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။