သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-05
မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်အင်းမြောက်အင်းနဲ့ ဒုဋ္ဌဝတီမြစ်ထဲကို စက်မှုဇုန်က စွန့်ပစ်ရေတွေ ဝင်ရောက်နေ တာကြောင့် ဒေသခံတွေ အဲ့ဒီမြစ်ရေကိုသုံးဖို့ အခက်အခဲ ဖြစ်နေပါတယ်။
2015-02-05
ရခိုင်ရိုးရာ ရထားဆွဲပွဲတွေကို စစ်တွေမြို့အပါအဝင် မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ ၂ဝ၁၅ ဖေဖော်ဝါရီ လ ၁ ရက်နေ့ကစပြီး သုံးရက်ကြာ ကျင်းပခဲ့ကြပါတယ်။ ရခိုင်ရထားဆွဲပွဲအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2015-02-05
ဗြိတိန်နိုင်ငံအခြေစိုက် Wanderlust ခေါ် ခရီးသွားမဂ္ဂဇင်းက မြန်မာနိုင်ငံ ပုဂံမြို့ကို ဒုတိယမြောက် ကမ္ဘာ့အကြီးကျယ် အခမ်း နားဆုံးမြို့အဖြစ် ဖော်ပြလိုက်ပါတယ်။
2015-02-05
စင်္ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်ထောင်ဟာ မြန်မာနိုင်ငံ ကနေ ပြန်လည်မထွက်ခွာခင် ဗုဒ္ဓဟူးနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့ပါတယ်။
2015-02-05
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အဓိကကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ် လို့ မြန်မာ့ရေးရာဆွေးနွေးပွဲတစ်ရပ်မှာ မနေ့က သုံးသပ်ပြော ဆိုခဲ့ကြပါတယ်။
2015-02-05
တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီတို့ရဲ့ လက်ပံတောင်းတောင် ကြေး နီစီမံကိန်းမှာ မြေယာအသိမ်းခံထားရတဲ့ ဒေသခံတောင်သူတွေကို ကူညီနေတဲ့ လူငယ်ကျောင်းသားတွေနဲ့ ဒေသခံ တချို့ကို ရပ်ရွာအေးချမ်းသာယာရေး ပျက်အောင်သွေးထိုး လှုံ့ဆော်သူတွေအဖြစ် ရဲတပ်ဖွဲ့က စွပ်စွဲပြီး ဖမ်းဝရမ်းကြေ ညာချက် အသစ်တစောင် ထုတ်ပြန်လိုက်တယ်လို့ သိရ ပါတယ်။
2015-02-04
မန္တလေးကနေရန်ကုန်ကို ချီတက်လာနေ တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မနေ့ညက မကွေးမြို့ကနေ မိုင် ၃ဝ လောက်ဝေးတဲ့ သစ်ရာကောက်ရွာကိုရောက်သွားပြီး၊ အဲ့ဒီရွာက ဓမ္မာရုံမှာ ညအိပ်ရပ်နားနေကြပါတယ်။
2015-02-04
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင် ရေဖြူမြို့နယ် ကန်ပေါက်ဒေသမှာ မီတာခ တစ်ယူနစ်ကို ၃၅ ကျပ် သတ်မှတ်ပေးဖို့ ဒေသခံ ၃၀၀ ကျော်က ကန်ပေါက်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2015-02-04
မန္တလေးနန်းတွင်း စစ်အကျဉ်းထောင်မှာ တာဝန်ကျအစောင့်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ တပ်မတော်သား အကျဉ်းသား ၈ ဦး ထဲက နောက်ထပ် ၁ ဦးကို ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
2015-02-04
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့စီစဉ်တာကို ဆိုင်းငံ့ထားပေးဖို့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုထားပါတယ်။
2015-02-04
မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်အစပ်မှာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော် တို့ ပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ တာကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့နဲ့ တအာင်းကျောင်းသား နဲ့ လူငယ်များအဖွဲ့ကဒီနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။
2015-02-04
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပိုင်ဆိုင် မှုပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရမှာ မူဝါဒသတ်သတ်မှတ်မှတ်မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-02-04
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ရိုဟင်ဂျာဆိုတဲ့ စကားလုံးသုံးနှုန်းမှု အပေါ် မြန်မာအစိုးရက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
2015-02-04
ဒီနေ့ နေပြည်တော် ပညာရေဝန်ကြီးဌာနရုံးမှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေး စနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် nner နဲ့ ကျောင်း သား ကျောင်းသူ ကိုယ်စားလှယ်တွေ လေးပွင့် ဆိုင်တွေ့ ဆုံဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့် နိုင်ငံတော်သမ္မတက ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
2015-02-04
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ အမှတ် ၂ ပုလိပ် ချည်မျှင်နဲ့ အထည် စက်ရုံက အလုပ်သမား ၈ဝဝ လောက်က အရင်က အစိုးရစက်ရုံမှာ ရရှိတဲ့ ခံစားခွင့်အတိုင်းရဖို့ ဆန္ဒပြတောင်းဆိုနေကြတာ အခုဆိုရင် တစ်လကျော်နေပြီ ဖြစ်ပါတယ်။