မစ္စရန်ဟီးလီရဲ့ ရိုဟင်ဂျာ စကားလုံးသုံးစွဲမှုအပေါ် မြန်မာ အစိုးရ ပြစ်တင်ရှုတ်ချ


2015.02.04
yanghee-lee-rakhine-305 ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီက ရိုဟင်ဂျာဆိုတဲ့ စကားလုံး သုံးနှုန်းမှုအပေါ် မြန်မာအစိုးရက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

မစ္စရန်ဟီးလီအနေနဲ့ အခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ လာရောက်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့စဉ် အတွင်း ပြောကြားချက် တချို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို အထင်အရှားစွက်ဖက် ရာရောက်ကြောင်း မြန် မာနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်မှာ ဘယ်တုန်းကမှ မပါဝင်ခဲ့သလို၊ ဗြိတိသျှကိုလိုနီခေတ် သန်းခေါင် စာရင်းကောက်ခံမှု မှတ်တမ်းတွေမှာလည်း မပါဝင် ခဲ့ကြောင်း၊ အဲ့ဒီအငြင်းပွားဖွယ် အသုံးအနှုန်းကို ထပ်တလဲလဲ အသုံးပြုနေတာဟာ အရေးကြီးတဲ့ ကိစ္စရပ်ကိုဖြေရှင်းရေးမှာ အဟန့် အတားသာဖြစ်စေကြောင်း၊ မစ္စရန်ဟီးလီအနေနဲ့ တာဝန်တွေ ထမ်းဆောင်ရာမှာ ချင့်ချင့်ချိန်ချိန်နဲ့ ပညာရှင်ပီသစွာဆောင်ရွက်သင့်ပြီး သူ့ခရီး စဉ်ကြောင့် မြန်မာပြည်သူ တွေနဲ့ မြန်မာနိုင်ငံအတွက် သဘောထားကွဲလွဲမှု၊ မယုံကြည်မှု၊ သွေးထိုးလှုံ့ဆော်မှုများ အဖြစ်သို့ မရောက်ရှိစေသင့်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။