ကာချုပ်နဲ့ ဂိုချောက်ထောင် ဆွေးနွေး
2015.02.05

စင်္ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်ထောင်ဟာ မြန်မာနိုင်ငံကနေ ပြန်လည် မထွက်ခွာခင် ဗုဒ္ဓဟူးနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
တစ်နာရီကြာ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး အတွက် တပ်မတော်ရဲ့ အခန်းကဏ္ဍတွေ ဆွေးနွေး ခဲ့ကြတယ်လို့ Channel news Asia သတင်းက ဖော်ပြ ပါတယ်။
အဲ့ဒီလို တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စင်္ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်ထောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပေ မဲ့ မစ္စတာ ဂိုချောက်ထောင် အကြောင်းနဲ့ စင်္ကာပူ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဂိုချောက်ထောင်ရဲ့ ဦးဆောင်မှုကဏ္ဍအကြောင်း အများကြီးဖတ်ရှုခဲ့ ဖူးကြောင်း၊ နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး မစ္စတာ ဂိုချောက်ထောင်ဆီက အကြံဉာဏ်တွေ ရယူလိုပါကြောင်း ပြောကြားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြ ပါတယ်။
မစ္စတာ ဂိုချောက်ထောင်ဟာ လွှတ်တော်နာယက သူရ ဦးရွှေမန်းနဲ့လည်းတွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
အစောပိုင်းကတော့ မစ္စတာ ဂိုချောက်ထောင်ဟာ ပြည်ခိုင်ဖြိုးပါတီ ဒု ဥက္ကဌ ဦးဌေးဦးနဲ့ တွေ့ဆုံခဲ့ပြီး၊ စင်္ကာပူ ကို ပြန်လည်မထွက်ခွာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။