ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ဒေါ်အောင်ဆန်းစု ကြည် ထောက်ခံ


2015.06.07
dassk-students-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၇ ရက်နေ့က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံနေစဉ်
Photo: NLD

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းရေးကို ထောက် ခံကြောင်း ဒီကနေ့ တက္ကသိုလ်ကျောင်း သား ကျောင်းသူ ၆၀ ကျော်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ အစည်း အဝေးအပြီးမှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသ ဥက္ကဌ ကိုဇေယျာလွင် က ပြောပါတယ်။

"သမဂ္ဂကိစ္စ ဒီနေ့ ကျနော်တို့တော်တော်များများဆွေးနွေးဖြစ်တယ်၊ သမဂ္ဂနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေတဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အဓိကထားဆွေးနွေးတယ်၊ ဒီနေ့ ဆွေးနွေးချက်မှာ ပါဝင်တဲ့ကျောင်းသား တချို့သည် ကျောင်းသားသမဂ္ဂကို ကျောင်းသားသမဂ္ဂမဟုတ်ဘဲနဲ့ တက္ကသိုလ်ဥပဒေကို အဆင့်မြင့်ပညာဥပဒေ မှာ ရေးဆွဲနိုင်ဖို့အတွက် ဆွေးနွေးတာရှိတယ်၊ အဲ့လိုဆွေးနွေးချက်ကို အန်တီအနေနဲ့ လုံးဝလက်မခံခဲ့ပါဘူး၊ အန်တီဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ကျောင်းသား သမဂ္ဂအမည်ကလွဲပြီးလုံးဝလက်မခံခဲ့ပါဘူး၊ ကျောင်း သားသမဂ္ဂသည် ရှေ့လာမယ့် တက္ကသိုလ်ကျောင်းသားတွေအတွက် အားကိုးအားထားရမယ့် အဖွဲ့အစည်း တစ်ခု ဖြစ်ရမယ်၊ တိုင်းပြည်ပညာရေးအတွက် တစ်ကယ်အထောက်အကူပြုတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် သူရှုမြင်တယ်၊ အဲ့တော့ ကျောင်းသားသမဂ္ဂရှိကိုရှိရမယ်၊ ကျောင်းသားသမဂ္ဂအပြင် တခြားနာမည်နဲ့ အဖွဲ့ အစည်းတစ်ခုကိုတော့ သူလုံးဝမလိုလားပါဘူး"

ဒါ့အပြင် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေအမှုနဲ့ပတ်သက်ပြီး ကာယကံရှင်တွေက လက်ခံမယ်ဆိုရင် အန်အယ်လ်ဒီ ဥပဒေအထောက်အကူပြုအဖွဲ့အနေနဲ့ ကူညီဖို့ အဆင်သင့် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့လည်း သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ ချောက်၊ ထားဝယ် စတဲ့ မြို့နယ်တွေက ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၆၀ ကျော်ဟာ ပညာရေး နဲ့ဆက်စပ်တဲ့ ဥပဒေတွေရေးဆွဲရမှာ ပါဝင် လိုကြောင်းတင်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့မနက် မှာ တွေ့ဆုံခဲ့ပြီး အဆင့်မြင့် ပညာရေးဥပဒေအပေါ် သဘောထားတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေ အတည်ပြုပြီးနောက် ဆက်လက်ရေးဆွဲရမယ့် အဆင့်မြင့်ပညာရေး ဥပဒေ ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရေးဆွဲ ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။