ထိုင်းဝန်ကြီးချုပ် စစ်ကောင်စီအကြီးအကဲနဲ့ သီးသန့်တွေ့ဆုံ

RFA Burmese
2024.11.07
ထိုင်းဝန်ကြီးချုပ် စစ်ကောင်စီအကြီးအကဲနဲ့ သီးသန့်တွေ့ဆုံ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပသည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်၊ ထိုင်းဝန်ကြီးချုပ်နှင့် အခြားနိုင်ငံခေါင်းဆောင်များအား တွေ့ရစဉ်။
CINCDS

 တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ဒေသတွင်းအစည်းအဝေးပြင်ပမှာ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinwqatra) က ကြာသာပတေးနေ့က ထုတ်ပြန်ပြောလိုက်ပါတယ်။

မဟာမဲခေါင်ဒေသခွဲနဲ့ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ စည်းဝေးပွဲအတွက် ကူမင်းမြို့ကို ရောက်နေစဉ်အတွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲအတွင်း ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်ဖို့ ထိုင်းအစိုးရက စိတ်ရင်းစေတနာနဲ့ ကူညီမယ့်အကြောင်း ကမ်းလှမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ က သတင်းထောက်တွေကို ပြောခဲ့တယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လ လာအိုနိုင်ငံ ဗီယန်ကျင်းမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း ပေထုန်တန် ရှင်နာဝပ်ထရာက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတိုးမြှင့်ဖို့ တောင်းဆိုခဲ့ပြီး မြန်မာ့အရေး စစ်ရေးအရ အဖြေရှာဖို့မလိုကြောင်းနဲ့ စကားပြောဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။