ပုဂံမြို့ကို ဂုဏ်ပြုဖော်ပြ
2015.02.05

ဗြိတိန်နိုင်ငံအခြေစိုက် Wanderlust ခေါ် ခရီးသွား မဂ္ဂဇင်းက မြန်မာနိုင်ငံ ပုဂံမြို့ကို ဒုတိယမြောက် ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံးမြို့အဖြစ် ဖော်ပြ လိုက်ပါတယ်။
မြန်မာပြည်အလယ်ပိုင်းမှာ လွန်ခဲ့တဲ့ ၁ဝ ရာစုနဲ့ ၁၄ ရာစုကြားက တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းစေတီ ဘုရားတွေရှိရာ ပုဂံမြို့ကို Wanderlust ခရီးသွား မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်တွေက ကမ္ဘာ့ဒုတိယ အခမ်းနားဆုံးမြို့ အဖြစ်ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
ပထမဆုကိုတော့ လာအိုနိုင်ငံက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်တဲ့ လောင်ဖရာဘန်မြို့က ရရှိခဲ့ပြီး၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က တတိယ၊ ဂျပန်နိုင်ငံ ကျိုတိုမြို့က စတုတ္ထ၊ ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့က ပဉ္စမအသီးသီး ရရှိခဲ့ကြပါတယ်။
ကမ္ဘာ့ ထိပ်တန်းနိုင်ငံများစာရင်းမှာတော နယူးဇီလန်က အဆင့် ၁ မှာရှိပြီး၊ မြန်မာက အဆင့် ၉ ဖြစ်ပါတယ်။ မြန် မာ့နောက်မှာ ထိုင်း၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေရှိကြပါတယ်။
အလားတူ ကမ္ဘာကျော် ခရီးသွားလုပ်ငန်း ကုမ္ပဏီဖြစ်တဲ့ Lonely Planet က ပုဂံကို ၂ဝ၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံးနေရာအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ကတော့ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းထဲထည့်သွင်းဖို့ ငြင်းပယ်ခဲ့ပါတယ်။
၁၉၉ဝ ပြည့်နှစ်တွေအတွင်း စစ်အာဏာသိမ်းအစိုးရရဲ့ မသင့်မတော် ပြုပြင်မှုတွေကြောင့် ရှေးဟောင်းမူလ လက်ရာတွေ ပျက်စီးခဲ့ရတဲ့အတွက် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်ကျမှ အစိုးရက ပုဂံမှာ ဟိုတယ် အသစ်တွေ တည်ဆောက်ခွင့် ရပ်ဆိုင်းလိုက်ပါတယ်။