သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-04
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပိတောက်ကုန်းရပ်ကွက်က ကိုကုလား ကို ဇွန်လ ၃ ရက် မနေ့ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ တာကြောင့် သေဆုံးသွားတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။
2021-06-04
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ဒီကနေ့ နေ့လယ် ၃နာရီကနေစလို့ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2021-06-04
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အွန်လိုင်းဗီဒီယိုကတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဒီနေ့ ဇွန် ၄ ရက် ညနေ ၅ နာရီမှာပဲ စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် ဖြတ်တောက်လိုက်ပါတယ်။
2021-06-04
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မေတ္တာရပ်ကွက်မှာ မတ် ၃ ရက်နေ့ မနေ့ညက အသက် ၆၀ ခန့်အရွယ်ရှိတဲ့ ဦးပြူးအောင်နဲ့ အသက် ၁၈ နှစ်ခန့်အရွယ် ကိုငြိမ်းချမ်း မောင် တို့ နှစ်ဦးဟာ အမည်မသိသူတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွား တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
2021-06-04
စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့ အလွှာပေါင်းစုံက လူငယ်တွေဟာ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတဲ့ အထဲမှာ တောထဲအထိ ရောက်အောင်သွားပြီး စစ်သင်တန်းတက်နေတဲ့ သူတွေလည်း ရှိနေကြပါတယ်။
2021-06-04
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခြောက်မိုင်စံပြကျေးရွာကို ဒီနေ့မနက်က ရိက္ခာလာယူတဲ့ လူငယ်တစ်ဦးကို ရွာရဲ့ခရစ်ယာန်ဘုရားကျောင်းအနီးမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2021-06-04
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းမမိရင် အသက်အရွယ်ကြီးသူ မိခင်နဲ့ ဇနီးဖြစ်သူ အမျိုးသမီးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ တည်ဆဲဥပဒေတွေအရရော နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေအရပါ ဥပဒေကိုကျော်လွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ရှေ့နေတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြဝေဖန်ပါတယ်။
2021-06-04
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှာ ဇွန်လ ၄ ရက်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး စုပေါင်းပြောက်ကျားသပိတ်နဲ့ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရွာသာကျေးရွာမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။
2021-06-04
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာ ဇွန်လ ၃ ရက် မနေ့ညပိုင်းက ကိုရိုနာကပ် ရောဂါကြောင့် တစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး၊ ကျီးခါးမြို့အပါအဝင် တွန်းဇံတမြို့နယ် လုံးမှာ ရောဂါပိုးတွေ့ရှိသူ ၂၄၂ ယောက်ရှိလာပြီလို့ ဆရာဝန်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2021-06-04
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီကနေ့ မနက် ၁ နာရီလောက်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားလို့ အသက် ၂၀ ကျော်အရွယ် အရပ်သား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-06-04
လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့သတင်းအစီအစဉ်တွေကို ပေါ့ဒ်ကတ်စ်နဲ့ နားထောင်နိုင်ပါတယ်။ ပေါ့ဒ်ကတ်စ်ဟာ သတင်းအစီအစဉ်တွေကို မိမိရဲ့ကွန်ပျူတာ ဒါမှမဟုတ် အပေါ့စား အိတ်ဆောင် MP3 player ကိရိယာတွေမှာ ကူးယူပြီး အလွယ်တကူ နားထောင်နိုင်တဲ့ စနစ် ဖြစ်ပါတယ်။
2021-06-03
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC ဥက္ကဋ္ဌ Peter Maurer ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်တွေအတွင်း သွားရောက်ခွင့်၊ အကူအညီပေးခွင့်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံးဖြိုခွင်းမှုတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ ICRC ရဲ့ ထုတ်ပြန်ချက်မှာရေးထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2021-06-03
အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအသင်း အာဆီယံက ကိုယ်စားလှယ်နှစ်ဦး ကြာသပတေးနေ့ညက နေပြည်တော်ကို ရောက်ရှိပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။
2021-06-03
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ရိုဟင်ဂျာမူဆလင်တွေအနေနဲ့ နိုင်ငံသားတွေနည်းတူ တန်းတူ အခွင့်အရေး ရရှိရေးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်နိုင်ဖို့ရေး ရိုဟင်ဂျာမူဝါဒဆိုင်ရာ သဘောထားကြေညာချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၃ ရက်နေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-06-03
ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ကျောက်ထုနဲ့ ထီးလင်းမြို့ကြားက ရွှေအောင်သာ ကျေးရွာမှာ ဇွန်လ ၃ ရက် ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးယောက်ထက်မနည်း သေဆုံးတယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။