မုံရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

2021.06.04
မုံရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး မုံရွာမှာ စစ်ကောင်စီတပ်သားတွေ ၂၀၂၁ မတ်လ ၁၀ ရက်နေ့က ကင်းလှည့်နေစဉ်
Photo: CJ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပိတောက်ကုန်းရပ်ကွက်က ကိုကုလား ကို ဇွန်လ ၃ ရက် မနေ့ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။
 
ဆိုင်ကယ်ကို စစ်ဆေးဖို့ တားဆီးတာကို မရပ်တဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပိတောက်ကုန်းရပ်ကွက် က ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
 
“ကိုကုလားက အပြင်က ပြန်လာတာနေမှာ၊ စစ်သားတွေက တားတာကို မရပ်တော့ သေနတ်နဲ့ လေးငါး ခြောက်ချက်ပစ်တယ်။ ဘယ်သူမှထွက်မကြည့်ရဲဘူး။ သုံးချက်ထိသွားတယ်။ လူမှုကူညီရေးအသင်းကား လာဖို့တောင် ၂ နာရီလောက်စောင့်လိုက်ရတယ်။ နောက်တော့ ရပ်ကွက်က ဆေးရုံကြီးကို လိုက်ပို့လိုက် တယ်။ ဒါပေမဲ့ သေသွားတယ်။ အခုတော့ သေဆုံးသူနေအိမ်ကို စစ်သားတွေရောက်နေကြလို့ ရပ်ကွက်က သူတွေ ရှောင်နေကြတယ်။”
 
မုံရွာမြို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့မြို့ဖြစ်ပါတယ်။
 
ဆန္ဒပြတာတွေ လုပ်ဆောင်လို့မရအောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ မုံရွာမြို့မှာ နေ့စဉ်လှည့်ပတ်နေပြီး ကျောက်က္ကာလမ်း၊ မိုးကောင်းဘုရားအနီးမှာတော့ စစ်ကောင်စီက နေ့စဉ်နီးပါး စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း မုံရွာဒေသခံတွေက RFA ကို ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။