ကလေးမြို့မှာ လူ နှစ်ဦး အသတ်ခံရ

2021.06.04
ကလေးမြို့မှာ လူ နှစ်ဦး အသတ်ခံရ စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မေတ္တာရပ်ကွက်ကို တွေ့ရစဉ်
Photo: RFA
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မေတ္တာရပ်ကွက်မှာ ဇွန် ၃ ရက်နေ့ မနေ့ညက အသက် ၆၀ ခန့်အရွယ်ရှိတဲ့ ဦးပြူးအောင်နဲ့ အသက် ၁၈ နှစ်ခန့်အရွယ် ကိုငြိမ်းချမ်းမောင်တို့ နှစ်ဦးဟာ အမည်မသိသူတွေရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မနေ့ည ၉ နာရီလောက် အချိန်မှာ မျက်နှာဖုံးတွေစွပ်ထားတဲ့ အမည်မသိလူ ကိုးဦးဟာ သူတို့ရဲ့နေအိမ်ကို လာရောက်ပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ဦးပြူးအောင်ကတော့ ညာဘက်ရင်အုံ သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့တာဖြစ်ပြီး ကိုငြိမ်းချမ်းမောင် ကတော့ သေနတ်ဒင်နဲ့ ထုခံထားရတဲ့ ဒဏ်ရာမျိုးနဲ့ ဦးခေါင်းပွင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဦးပြူးအောင်ဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီးတော့ ကိုငြိမ်းချမ်းမောင်ကတော့ ဦးပြူးအောင်ရဲ့ နေအိမ်က ကားမောင်းသူတစ်ဦးဖြစ်ပါတယ်။

သူတို့ဘာကြောင့် အသတ်ခံရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကလေးမြို့မှာတော့ ပြီးခဲ့တဲ့လကနေ အခုလက်ရှိအချိန်ထိ အမည်မသိသူတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ လူ ခြောက်ဦးထက်မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။