ပေါ့ဒ်ကတ်စ် (Podcasts)

2021.06.04
ပေါ့ဒ်ကတ်စ် (Podcasts)
Image: Wikimedia Commons

လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့သတင်းအစီအစဉ်တွေကို ပေါ့ဒ်ကတ်စ်နဲ့ နားထောင်နိုင်ပါတယ်။

ပေါ့ဒ်ကတ်စ်ဟာ သတင်းအစီအစဉ်တွေကို မိမိရဲ့ကွန်ပျူတာ ဒါမှမဟုတ် အပေါ့စား အိတ်ဆောင် MP3 player ကိရိယာတွေမှာ ကူးယူပြီး အလွယ်တကူ နားထောင်နိုင်တဲ့ စနစ် ဖြစ်ပါတယ်။

ပေါ့ဒ်ကတ်စ်နဲ့နားထောင်မယ်ဆိုရင်၊ အောက်မှာ‌ဖော်ပြထားတဲ့ URL ကိုကူးယူပြီး မိမိရဲ့ ပေါ့ဒ်ကတ်စ် ဆော့ဖ်ဝဲမှာ ကူးယူထားကာ သတင်းအစီအစဉ်တွေကို အမြဲတမ်းရယူ နားထောင်နိုင်ပါတယ်။ မြန်မာဘာသာ အသံလွှင့်အစီအစဉ်အတွက် ကူးယူဖို့ လိပ်စာကတော့…

http://streamer1.rfa.org/archive/BUR/Burmese_podcast.php

ပေါ့ဒ်ကတ်စ်ရဲ့ ကောင်းတဲ့အချက်က၊ အသံလွှင့်အစီအစဉ်တွေကို မိမိရဲ့ MP3 player ထဲကို ကူးယူပြီး သွားရင်းလာရင်း ကြိုက်တဲ့အချိန်မှာ နားထောင်နိုင်တာ ဖြစ်ပါတယ်။ ကွန်ပျူတာရှေ့မှာ တချိန်လုံး ထိုင်နေစရာ မလိုဘဲ၊ လမ်းသွားရင်း၊ ကားစီးရင်း၊ ရထားစီးရင်း နားထောင်နိုင်ပါတယ်၊ တခြားမိတ်ဆွေ အပေါင်းအသင်းတွေနဲ့ မျှဝေပြီး ဆွေးနွေးပြောဆိုနိုင်ပါတယ်။ ကိုယ်ကြိုက်ရာ အစီအစဉ်တွေကို လက်‌ရွေးစင် စုဆောင်းသိမ်းဆည်းထားနိုင်ပါတယ်။

ပေါ့ဒ်ကတ်စ်နဲ့ပတ်သက်လို့ သိထားသင့်တဲ့အကြောင်းအရာတွေကတော့…

ပေါ့ဒ်ကတ်စ်ဆိုတာဘာလဲ

ပေါ့ဒ်ကတ်စ်ဆိုတာ အများအားဖြင့် MP3 အသံဖိုင်တွေကို ကွန်ပျူတာအွန်န်လိုင်းစနစ်နဲ့ ဖြန့်ချိတဲ့စနစ် ဖြစ်ပါတယ်။ ပေါ့ဒ်ကတ်စ်ဆော့ဖ်ဝဲ အသုံးပြုပြီး မိမိရဲ့ကွန်ပျူတာမှာ ပေါ့ဒ်ကတ်စ်တွေကို နားထောင်နိုင်သလို ဒစ်ဂျစ်တယ်သီချင်းဖွင့်စက် MP3 player တွေထဲကို ကူးယူ နားထောင်နိုင်ပါတယ်။ MP3 ဖွင့်လို့ရတဲ့ စီဒီထဲကိုလည်း ကူးယူ နားထောင်နိုင်ပါတယ်။ ပေါ့ဒ်ကတ်စ်ကို တနည်းအားဖြင့် ‘စိတ်တိုင်းကျရေဒီယို’ လို့ ခေါ်နိုင်ပါတယ်။ ကိုယ်နားထောင်ချင်တာကို ကြိုက်တဲ့အချိန်မှာ နားထောင်နိုင်လို့ပါ။

ပေါ့ဒ်ကတ်စ်ကိုဘယ်လိုနားထောင်နိုင်သလဲ

ပေါ့ဒ်ကတ်စ်ကို နားထောင်ချင်ရင် ပေါ့ဒ်ကတ်စ်မှာကြားတဲ့ ဆော့ဖ်ဝဲ (podcast subscription software) ကို အင်တာနက်ကနေ ထုတ်ယူပြီး မိမိရဲ့ကွန်ပျူတာထဲမှာ ထည့်သွင်းရပါမယ်။ အဲဒီလိုဆော့ဖ်ဝဲမျိုး တပါတည်းပါဝင်တဲ့ နောက်ဆုံးထုတ် Apple's iTunes ကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ် အလားတူ ဆော့ဖ်ဝဲတွေဖြစ်တဲ့ Juice ဖြစ်စေ၊ Apple ကွန်ပျူတာ သုံးသူတွေအတွက် Odeo ဖြစ်စေ တို့ကိုလည်း သုံးနိုင်ပါတယ်။ မိမိရဲ့ကွန်ပျူတာမှာမဟုတ်ဘဲ တခြားမှာ ပေါ့ဒ်ကတ်စ်ကိုနားထောင်ချင်ရင် MP3 player လို အိတ်ဆောင် မီဒီယာဖွင့်စက် (portable media player) တွေထဲကို ကူးယူဖို့လိုပါတယ်။ အဲဒီလို ကူးယူဖို့အတွက် မိမိအသုံးပြုနေတဲ့ ပေါ့ဒ်ကတ်စ်ဆော့ဖ်ဝဲရဲ့ အသုံးပြုနည်းအညွှန်းမှာ ကြည့်စေလိုပါတယ်။

RFA ပေါ့ဒ်ကတ်စ်ကို ဘယ်လိုမှာကြားရမလဲ

ပေါ့ဒ်ကတ်စ်မှာကြားတဲ့ဆော့ဖ်ဝဲကို ကွန်ပျူတာမှာ ထည့်သွင်းပြီးတဲ့အခါ လွတ်တ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်းအစီအစဉ်ရဲ့ ပေါ့ဒ်ကတ်စ်လိပ်စာ (URL) ကို မိမိသုံးမဲ့ ဆော့ဖ်ဝဲထဲကို ကူးယူရပါမယ်။ အသုံးများတဲ့ ဆော့ဝဲတွေက Juice, iTunes, Odeo တို့ဖြစ်ပါတယ်။

အကူအညီလိုပါသလား

လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ ပေါ့ဒ်ကတ်စ်စနစ်နဲ့ပတ်သက်လို့ ပြဿနာရှိရင်၊ မေးစရာရှိရင်၊ မှတ်ချက်ပေးလိုရင် RFA technical support ကို ဆက်သွယ်နိုင်ပါတယ်။ လောလောဆယ်မှာတော့၊ အင်္ဂလိပ်ဘာသာနဲ့ပဲ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Zawthetaung
2021-06-05 21:00

I don't understand, pls how to instilling and useful say details step by steps. Just request.