သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-07
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်တာကြောင့် ရွာခြောက်ရွာက အရပ်သား ၃၁၇၄ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက မတ်လ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-03-07
(KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သားသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-03-06
မြန်မာစစ်တပ်က လူ့အသက်တွေကို အလေးမထားဂရုမစိုက်မှုတွေ ဆက်လုပ်နေတာဟာ လူသားထုတစ်ရပ်လုံးကို မထီမဲ့မြင်ပြုမူနေတာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောပါတယ်။
2023-03-06
အမျိုးသမီးတွေအဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာလို့ သေဆုံးသူမိသားစုဝင်တွေ၊ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
2023-03-06
အာဏာသိမ်း နှစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ ကျေးရွာမီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေပိုများလာပါတယ်။
2023-03-06
စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာက အရပ်သား ၁၇ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်အတွက် မတ်လ ၆ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီး NUG က တိုက်တွန်းခဲ့တာပါ။
2023-03-06
သေဆုံးသူအမျိုးသမီး ၁၅ ဦးထဲက ရှစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာဖြစ်ပြီး သုံးဦးကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
2023-03-06
ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ် မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့ပါတယ်။
2023-03-06
မြင်းမူ လက္ကပင်ရွာကို မတ်လ ၅ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၅၀ နီးပါးကို ကျေးရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-06
ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ အင်းတော်၊ ပုလဲ၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူးနဲ့ မြောင်မြို့နယ်တွေ စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရသလို ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေ ထပ်တိုးခဲ့ပါတယ်။
2023-03-06
အရည်အသွေးပြည့်မီရင် ပြန်ဝယ်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြောဆိုလာတာကြောင့် ငွေကြေးနဲ့ နည်းပညာအကူအညီတွေပေးဖို့ ဆားလုပ်ငန်းလုပ်ကိုင်သူတွေ မျှော်လင့်နေကြပါတယ်။
2023-03-06
ခင်ဦး မုံလှရွာအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာခုနစ်ရွာက အရပ်သားရှစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-03-06
ခင်ဦးနဲ့ ကသာမြို့နယ်တွေမှာ ဗုံးသီးပေါက်ကွဲခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-03-06
အင်းတော်မြို့မှာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ CDM ဆရာမ သုံးဦး အပါအဝင် အရပ်သား ၂၂ ဦး ဖမ်းဆီးခံရပြီး မနေ့က သုံးဦး ပြန်လွတ်လာပါတယ်။
2023-03-05
မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေနှစ်ထောင်ကျော်ဆုံးရှုံးခဲ့ပြီး လူဦးရေ နှစ်ရာလောက် ပျောက်ဆုံးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။