စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံး

RFA Burmese
2023.03.06
စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံး ဖားကန့်အချုပ်ထောင်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women's Union) က မတ်လ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးသူအမျိုးသမီး ၁၅ ဦးထဲက ရှစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာဖြစ်ပြီး သုံးဦးကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီ့အပြင် ဖေဖော်ဝါရီလအတွင်းမှာပဲ တနင်္သာရီ၊ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မွန်၊ ပဲခူးနဲ့ ရှမ်းပြည်နယ်က အမျိုးသမီး ၃၅ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပါတယ်။

အမျိုးသမီးအများစုကို မန္တလေးတိုင်းအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၃ ဦးအထိ ဖမ်းဆီးခံခဲ့ရ တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အချိန်အထိ အမျိုးသမီးပေါင်း ၄၂၉ ဦးထိ သေဆုံးခဲ့ တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။