သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-05
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာပဲ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသားများရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-01-05
စစ်ဆေးအချိန်ကြာမြင့်မှုကို ရင်မဆိုင်ချင်တဲ့အခါ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်သားတွေကို ကားတစ်စီးငွေ ငါးသောင်းကျပ်ပေးပြီး ဖြတ်သန်းရပါတယ်။ ဒါ့ကြောင့် ဒီဂိတ်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေအတွက် ငွေတွင်းကြီးဖြစ်နေတယ်လို့ ခရီးသွားတွေက RFA ကို ပြောဆိုကြပါတယ်။
2023-01-05
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ အိုးလုပ်ငန်းကို ကိုလိုနီခေတ်နှောင်းပိုင်းကာလ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ဝန်းကျင်က စတင်ပါတယ်။ လူတွေဟာ သောက်သုံးရေထည့်ဖို့၊ ဟင်းချက်ပြုတ်ဖို့နဲ့ အလှပန်းပင်တွေ စိုက်ပျိုးဖို့အတွက် မြေသားနဲ့ပြုလုပ်ထားတဲ့ အိုးတွေကို အဓိကအသုံးပြုခဲ့ကြတာပါ။
2023-01-05
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်က ကျွန်းချောင်းရွာနဲ့ ကဇွန်းမရွာကြားမှာ PDF တပ်ဖွဲ့ဝင်ကိုးဦး ပစ်ခတ်ခံရလို့ သေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရတယ်လို့ ဆိပ်ဖြူ ဘာမထီ ပြည်သူကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
2023-01-05
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်စခန်းသုံးခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၄ ရက် မနေ့မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဇန်ဝါရီ ၅ ရက်မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNU/KNLA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-05
မင်းရွာ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာခံတွေဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးငြိမ်း၊ အသက် ၂၇ နှစ်အရွယ် ကိုသောင်းတန်၊ ၂၅ နှစ်အရွယ် ကိုဇော်ထွေးတို့ကို ဒီဇင်ဘာလ ၃ ရက် နေ့လယ်က စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
2023-01-05
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဇန်နဝါရီ ၃ ရက်နေ့က စစ်သုံ့ပန်းချင်း လဲလှယ်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2023-01-04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ထံက ဘယ်လိုထောက်ပံ့မှုတွေရခဲ့လဲ ဆိုတဲ့ မေးမြန်းချက်တွေအပါအဝင် စစ်ကြောရေးမှာ နေ့မအိပ်ညမအိပ်ရ သတိလစ်တဲ့အထိ မေးမြန်းစစ်ဆေးမှုတွေခံခဲ့ရတယ်လို့ RFA ကို ပြောပြပါတယ်။
2023-01-04
ဒီသင်တန်းကို MNDAA/ TNLA နဲ့ AA ညီနောင်မဟာမိတ်သုံးဖွဲ့စုပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး သင်တန်းအမှတ်စဉ် ၁ နဲ့ ၂ ပေါင်းရင် သင်တန်းဆင်းစစ်သည် ၁ဝဝဝ ခန့်ရှိကာ သူတို့ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီးပြီလို့ ဆိုပါတယ်။
2023-01-04
အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအယောက် ၂ဝဝ ကျော်ပဲ ပါတယ်လို့ သိရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
2023-01-04
“လွတ်ရက်စေ့လို့တော့ မဟုတ်ဘူး။ သူတို့လျှော့ပေးတဲ့ လျှော့ရက်နဲ့ လွတ်လာတာပါ။ တခြားသတင်းထောက်တွေ အင်းစိန်ထောင်ကနေ လွတ်တာမရှိပါဘူး။ သတင်းသမားတွေ အကျဉ်းကျခံနေရဆဲဖြစ်လို့ လွတ်မြောက်လာတဲ့အပေါ် အပြည့်အဝမပျော်နိုင်ပါဘူး” လို့ မသူဇာက ပြောပါတယ်။
2023-01-04
အာဏာသိမ်းပြီးချိန်ကစလို့ တစ်နှစ်ခွဲကျော်ကြာအောင် အင်တာနက်လိုင်းအပိတ်ခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း မနေ့ကစပြီး အင်တာနက်ပြန်သုံးလို့ရနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-01-04
ဒေါက်တာအမ်ကောန်လဟာ လွတ်ရက်စေ့ဖို့ နှစ်နှစ်နီးပါး ကျန်နေသေးပေမဲ့ ဒီကနေ့ လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်ပေးလိုက်တဲ့ လူ ၇ဝဝဝ ကျော်ထဲ ပါဝင်လာတာပါ။
2023-01-04
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2023-01-04
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်စီးနင်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှာ ဇန်နဝါရီ ၄ ရက် ဒီနေ့အထိ အသက် ၁၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသတ်ခံရသူ ကိုးဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။