သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-15
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်း ပတ်ဝန်းကျင်ကျေးရွာ တဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေအကြား လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လုံးခင်းနဲ့မှော်စီစာကျေးရွာက ကယ်ဆယ်ရေးစခန်း ၇ခုမှာ လာရောက် ခိုလှုံကြတာကြောင့် ဒုက္ခသည်တွေ နှစ်ဆခန့် ပိုတိုးလာပါတယ်။
2013-01-15
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောကြားလိုက်ပါတယ်။
2013-01-15
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေ တပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်း နဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေ ဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့် အထက်တန်းကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
2013-01-15
မြန်မာအစိုးရတပ်က KIA ကို ဦးတည်တိုက်ခိုက်နေတဲ့စစ်ပွဲကို ချက်ချင်းရပ်ပြီး၊ တွေ့ဆုံ ဆွေးနွေးရေးပြန်စဖို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ UWSA ၊ SSPP/SSA နဲ့ မိုင်းလားအဖွဲ့တို့က တောင်းဆိုတဲ့ကြေညာချက် တစ်စောင်ကို ဇန်နဝါရီလ ၁၀ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2013-01-15
ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖိလစ်ပိုင်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဒီနေ့မနက် ၁ဝနာရီက မနီလာမြို့ ဖိလစ်ပိုင်တပ်မတော်ဌာနချုပ်မှာ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိတွေ နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2013-01-14
မန္တလေးတိုင်းဒေသကြီး အတွင်း ဝေးလံတဲ့မြို့နယ်တွေအတွက် ယာဉ်မောင်းလိုင်စင် ကိစ္စဆောင်ရွက် ရာမှာ မန္တလေးအထိလာစရာမလိုဘဲ သက်ဆိုင်ရာမြို့နယ်မှာပဲ ဆောင်ရွက်နိုင်အောင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။
2013-01-14
လက်ပန်းတောင်းတောင်ဒေသမှာ ညမထွက်ရအမိန့် ပုဒ်မ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားတာ ဟာ ဒေသခံပြည်သူတွေကို အကန့်အသတ်လုပ်ထားတာဖြစ်ပြီး တစ်ချိန်တည်းမှာလည်း ကြေးနီစီမံကိန်းဆောင် ရွက်နေတဲ့ ကုမ္ပဏီတွေကို အကာအကွယ်ပေးထားတာသာဖြစ်တယ်လို့ ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းကော်မတီ က ဇန်နဝါရီလ ၁၄ရက် ဒီကနေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-01-14
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်း စက်မှုဇုန်မှာရှိတဲ့ ဆုလာဘ်ထက်သာ အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ရာကျော် ဟာ စက်ရုံကနေ ရှားပါးစရိတ်ထောက်ပံ့ငွေကို အလုပ်ရှင်ဘက်က ထုတ်မပေးတာကြောင့် ဆန္ဒပြတောင်းဆိုတာ ဒီကနေ့နဲ့ဆို ၂ရက် ကြာမြင့်ခဲ့ပေမယ့် ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ညှိနှိုင်းဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။
2013-01-14
ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၁ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ အရေးကြီးအဆို ကို မြစ်ကြီးနား မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် က ဆွေးနွေးပြီး လွှတ်တော်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့ကို ကြေညာချက် ထုတ်ပြန်ပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း လိုက်ပါတယ်။
2013-01-14
လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ အားလုံး စုံစမ်းစစ်ဆေး ပြီးသွားရင် အများပြည်သူတွေ သိအောင် တရားဝင်ထုတ်ပြန်သွားဖို့ ရှိတယ်လို့ လက်ပန်းတောင်းတောင်စီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဇန်နဝါရီလ ၁၄ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော် ခေတ္တနားစဉ်အတွင်း သတင်းထောက်တွေ ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2013-01-14
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်တဲ့ လိုင်ဇာမြို့လယ်ကို ဒီကနေ့ ဇန်နဝါရီလ ၁၄ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားသုံးဦး သေဆုံးခဲ့ပြီး လေးဦးကို အရေးပေါ်ဆေးရုံတင်ထားရပါတယ်။
2013-01-14
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC အကြီးအကဲဟာ မနေ့က မြန်မာနိုင်ငံ ကို ရောက်ရှိခဲ့ပြီး ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံက အကျဉ်းထောင်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတွေကို သွားရောက်ကြည့်ရှုဖို့ဖြစ်တယ် လို့ ICRC က ပြောပါတယ်။
2013-01-14
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့မှာ လယ်သမားတွေနဲ့ အင်းလုပ်သားတွေ စုစုပေါင်းအင်အား ၄၀၀၀ ဝန်းကျင်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့ မနက်ပိုင်း က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2013-01-14
မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် ထိုင်းနိုင်ငံ စီးပွားရေးဟာ (၂) ရာခိုင်နှုန်းလောက် တိုးတက်လာနိုင်ပြီး၊ လူ့လုပ်အား အလွန်အမင်းလိုအပ်တဲ့ စီးပွားရေးပုံစံကနေ ခေတ်မီ အဆင့်မြင့် စီးပွားရေးပုံစံဆီကို ကူးပြောင်းနိုင်လိမ့်မယ် လို့ အာဆီယံနဲ့ အရှေ့အာရှစီးပွားရေး ကို စောင့်ကြည့် လေ့လာနေတဲ့ Nomura သုတေသနဌာနက ပြောပါတယ်။
2013-01-13
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အလယ်သံကျော် ကမ်းခြေတစ်လျှောက် မှာ တိုက်တေနီယမ် သတ္တုအမြောက် အမြားကို ပြည်တွင်းအခြေစိုက် တရုတ်နိုင်ငံသားပိုင်တဲ့ ဓါတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gold Finder ကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။