ယာဉ်မောင်းလိုင်စင်များ အဆင်ပြေရန် မန္တလေးတိုင်းအတွင်း ဆောင်ရွက်ပေးနေ

မန္တလေးတိုင်းဒေသကြီး အတွင်း ဝေးလံတဲ့မြို့နယ်တွေအတွက် ယာဉ်မောင်းလိုင်စင် ကိစ္စဆောင်ရွက် ရာမှာ မန္တလေးအထိလာစရာမလိုဘဲ သက်ဆိုင်ရာမြို့နယ်မှာပဲ ဆောင်ရွက်နိုင်အောင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။

2013.01.14
driver_license_305 မန္တလေးတိုင်းဒေသကြီးမှာ ထုတ်ပေးခဲ့တဲ့ ယာဉ်မောင်းလိုင်စင်ပုံတစ်ပုံ
Photo: RFA

ဝေးလံတဲ့မြို့နယ်တွေမှာ ယာဉ်မောင်းသင်တန်းတွေကို  ဌာနကဝန်ထမ်းတွေကိုယ်တိုင် သွားရောက်ဖွင့်လှစ်လေ့ကျင့်စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင်တွေထုတ်ပေးတဲ့ ရွေ့လျားစနစ်ကျင့်သုံးဖို့ စီစဉ်နေရာမှာ ပထမအဆင့်အနေနဲ့ မိုးကုတ်မြို့မှာ စတင်ဆောင်ရွက်မယ်လို့  မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က အရင်တုံးက ကျွန်တော်တို့ရုံးစိုက်တဲ့နေရာမှာပဲ သင်ကြားတယ်၊ စစ်ဆေးပြီး လိုင်စင်တွေကို ထုတ်ပေးတယ်၊ မိုးကုတ်၊ သပိတ်ကျင်း၊ မတရာ တို့မှာ ဆိုင်ကယ်စီးတဲ့သူတွေများပြားတယ် အဲ့ဒီတော့ လာမယ့်အပတ်ကစပြီး မိုးကုတ်မှာသင်ကြားမယ်၊ စစ်ဆေးပြီး လိုင်စင်တွေထုတ်ပေးဖို့ စီစဉ်ထားတယ်"

ကျန်တဲ့ မြို့နယ်တွေကိုလည်း သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေကတဆင့် တောင်းဆိုလာရင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးရေ သုံးသိန်းကျော် ရှိလာပြီး ယာဉ်တိုက်မှုတွေကလည်း တစ်နေ့တခြား တိုးပွားလာတာကြောင့် အခုလိုစီစဉ်ဆောင်ရွက်ရတာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။