မြန်မာအကြိုက် ကားတွေ ဂျပန်နိုင်ငံမှာ ဈေးအဆမတန် ထိုးတက်နေ

မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ကားအမျိုးအစားတွေ ဂျပန်နိုင်ငံက လေလံဈေးကွက်မှာ ဈေး အဆမတန် ထိုးတက်နေတယ်လို့ ကားဈေးကွက် တင်သွင်းရောင်းချသူတွေက ပြောပါတယ်။

2011.11.06
mitsubishi-pajero-305 ဂျပန်နိုင်ငံ Mitsubishi Motors ကုမ္ပဏီထုတ် Mitsubishi Pajero အမျိုးအစားကား။
Wikipedia

မြန်မာအကြိုက် ဂျပန်ကားတွေဖြစ်တဲ့ ဒီဇယ်ဆီပါ သုံးနိုင်တဲ့ ပါဂျဲရိုး လို Four Wheel Drive အမျိုးအစား ကားတွေနဲ့ တိုယိုတာ Mark II အမျိုးအစား ကားတွေကို ၁၉၉၅ ခုနှစ်ကနေ ၂ဝဝ၂ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ကားတွေကိုသာ အကန့်အသတ်နဲ့ တင်သွင်းခွင့် မြန်မာအစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အရင်က ဂျပန်လေလံမှာ အမေရိကန် ဒေါ်လာ ၃ ထောင်လောက်သာ တန်ဖိုးရှိတဲ့ အဲဒီ ကားအမျိုးအစားတွေဟာ အခုဆိုရင် အမေရိကန်ဒေါ်လာ ၂ သောင်းကနေ ၃ သောင်းအထိ ဈေးထိုးတက်နေတယ်လို့ ကားအရောင်းအဝယ် လုပ်ကိုင်သူ ဦးကျော်ခိုင်က ပြောပါတယ်။

အဲဒီလို ကားအဟောင်းတွေကို ဂျပန်လေလံမှာ ဈေးကြီးပေးပြီး တင်သွင်းနေရတဲ့အတွက် မြန်မာနိုင်ငံသားတွေ နစ်နာရသလို အစိုးရအတွက်လည်း အခွန်ငွေ အထွေအထူး တိုးပြီး မရရှိဘူးလို့ ပြောပါတယ်။ တကယ်လို့ အစိုးရက မြန်မာနိုင်ငံမှာ လူကြိုက်များပြီး ဒီဇယ်ဆီနဲ့လည်း သုံးလို့ရတဲ့ ကားအမျိုးအစားတချို့မှာ တင်သွင်းခွင့် ပေးထားတဲ့ ထုတ်လုပ်နှစ် အကန့်အသတ်ကို ၂ဝဝ၂ ခုနှစ်အထိ မဟုတ်ဘဲ ၂ဝဝ၆ အစရှိသဖြင့် တိုးပေးလိုက်မယ်ဆိုရင် လေလံဈေး သိသိသာသာ ထိုးကျသွားမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံက ကားဝယ်စီးသူတွေလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်စီးနိုင်မယ်လို့ ပြောပါတယ်။

အစိုးရက ကားအဟောင်းနဲ့ အသစ် လဲလှယ်ခွင့်ပါမစ်တွေ ထုတ်ပေးတဲ့အတွက် ပြည်တွင်းဈေးကွက်မှာလည်း ကားအဟောင်းဈေးတွေ အတက်အကျ မြန်ဆန်ပြီး မတည်မငြိမ် ဖြစ်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-08 00:59

မြေနိမ်.ရာလှံစိုက်တဲ.သဘောပါပဲ။အမှန်တကယ်လူတန်းစေ.သုံးနိုင်အောင်းဆိုရင်အမြတ်ကြီါ်စားတဲ.လူတွေနိမ်နင်းရပါမယ်

Anonymous
2011-11-06 10:46

Myanmar government didn't control the market
price.If you can not buy from japan,you can find more second hand market all over Asian.

Anonymous
2011-11-10 12:04

ကားသွင်းတဲ့သူတွေအမြတ်စားချင်လို့နေမှာပေါ့
ရန်ကုန်လက်ရှိပေါက်ဈေးနဲ့ချိန်ပြီးရိတ်ချင်လို့နေမှာပေါ့
ဆူနာမီ ကားဈေးတွေ တက်တာနေမှာပေါ့