ရွှေဘိုမြို့မှ ပူတာအိုအထိ အိန္ဒိယအကူဖြင့် လမ်းဖောက်မည်
2014.04.08

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ကနေ မြန် မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုအထိ အိန္ဒိယအစိုးရရဲ့ချေးငွေနဲ့ ကားလမ်းဖေါက်ဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ ဒီနေ့ မြစ်ကြီးနားမြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၂၀ ချေးငှားဖို့ မူအားဖြင့် သဘောတူကြောင်းနဲ့ အသေးစိတ် ကို ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။
"ဒီလမ်းလုပ်ဖို့ ရွှေဘို-မြစ်ကြီးနား-ပူတာအို လမ်းလုပ်ဖို့ ဒေါ်လာ သန်း ၁၂ဝ ချေးဖို့ ဆွေးနွေးနေ တုန်းပဲ၊ ဒါကို ရမယ် မရဘူးဆိုတာကတော့ အသေးစိတ်နည်းနည်းညှိနေတုန်းပဲ၊ သူတို့လည်း အခုဆွေးနွေးနေတုန်းပဲ၊ မူအားဖြင့် ဒေါ်လာ သန်း ၁၂ဝ ဒီလမ်းလုပ်ဖို့အတွက် မှန်းထားတယ်"
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Gautam Mukhopadhaya ကလည်း
"ကချင်ပြည်နယ်မှာ အိန္ဒိယအစိုးရက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကထားပြီး လာရောက်ဆွေးနွေး တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ငါးရာ ရင်းနှီးမြှုပ်နှံပြီး သား ဖြစ်ပါတယ်။ တချို့စီမံကိန်းတွေ ဥပမာ- ကလေးနဲ့ တမူးကားလမ်းဆိုရင် ပြီးစီးပြီဖြစ်ပါတယ်။ ကုလားတန် ဘက်စုံစီမံကိန်းဆိုရင် အကောင်အထည်ဖေါ် ဆောင်ရွက်နေကြောင်း ပြောပါတယ်။
အိန္ဒိယသံအမတ်ကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။