ရွှေလင်ပန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2013.01.14

ဆန္ဒပြနေတဲ့ ၂ရက်မှာ အလုပ်ရှင်ဘက်က ဆန္ဒပြတာဆက်လက်မလုပ်ဖို့ လာရောက်ဟန့်တား ခြိမ်းခြောက်တာတွေရှိတယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အထည်ချုပ်အလုပ်သမား မဝင်းဝင်းမာက RFA ကို ပြောပါတယ်။
"နင်တို့ဒီလိုဆက်လုပ်မယ်ဆိုရင် နင်တို့လစာ ဒီ့ထက်မက နည်းသွားလိမ့်မယ်၊ နင်တို့အတွက်လည်း အကျိုးမရှိဘူးလို့ ခြိမ်းခြောက်တာပေါ့၊ အတင်းပေါ့နော်၊ နင်တို့လစာလျော့ပေးမယ်လို့ပြောတယ်"
အလုပ်သမားတွေက ရှားပါးစရိတ် ကျပ်နှစ်သောင်းသတ်မှတ်ပေးဖို့၊ အလုပ်ရှင်နဲ့အလုပ်သမား E.C စာချုပ်ချုပ်ဆိုပေးဖို့၊ အချိန်ပိုခိုင်းစေခြင်းကို ဥပဒေညွှန်ကြားချက်နဲ့အညီခိုင်းစေဖို့၊ အလုပ်ချိန်နဲ့ အချိန်ပိုမခိုင်းခင် နားချိန်သတ်မှတ်ပေးဖို့၊ အလုပ်ချိန်နဲ့ နားနေချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ လူမှုဖူလုံရေးခံစားခွင့်ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ အလုပ်သမားတွေအတွက် လုပ်ငန်းသုံးဖိနပ်စီစဉ်ပေးဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၁၃ချက်ကို တောင်းဆိုထားပါတယ်။