ကချင်ပြည်နယ် ငြိမ်းချမ်းရေး လွှတ်တော်မှာ ကြေညာချက်ထုတ်ပြန်

ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၁ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ အရေးကြီးအဆို ကို မြစ်ကြီးနား မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် က ဆွေးနွေးပြီး လွှတ်တော်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့ကို ကြေညာချက် ထုတ်ပြန်ပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း လိုက်ပါတယ်။

2013.01.14
parliment-assembly305 ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
Photo:RFA

ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက  ငြိမ်းချမ်းရေးလိုချင်ရင် တိုက်ယူတာထက် လွှတ်တော်မှာ ဆွေးနွေးဖို့လိုတယ်လို့ ပြောခဲ့ပါတယ် ။

"ကချင်လူထုအနေနဲ့လည်း တိုက်ယူမယ်ဆိုတဲ့ကိစ္စက တန်းတူညီမျှကို ပြောခြင်းဖြစ်တယ်၊ ကချင်တွေမို့ ပြောခြင်းဖြစ်တယ်၊ တိုက်ယူမှ တန်းတူညီမျှရမယ်လို့ ထင်တယ်၊ ဒီကနေ့မှာတော့ တန်းတူညီမျှ အခွင့်အရေးဆိုတာ တိုက်ယူမှ မဟုတ်ဘဲ၊ လွှတ်တော်မှာ ဆွေးနွေးလို့ရပြီဆိုတာ ပြောထားပြီးဖြစ်တဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးပေးပါ၊ အမြန်ဆုံးတိုက်ပွဲတွေ ရပ်ပေးပါလို့ မှာလိုက်ပါတယ်"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေနဲ့ နှစ်ဖက်ထိခိုက်မှုတွေအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရကြောင်း၊ အခုလို စစ်ရေးတင်းမာမှုတွေကြောင့် နိုင်ငံတော်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ KIO/KIA အဖွဲ့တွေ တွေ့ဆုံဆွေးနွေးရေးအတွက် ခက်ခဲမှုတွေရှိနေကြောင်း၊ ဒါကြောင့် စစ်ရေးအရှိန်လျှော့ချပြီး နှစ်ဖက်ဆွေးနွေးပြီး နားလည်မှုတွေ တည်ဆောက်ကြဖို့ လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ KIO/KIA ကို တိုက်တွန်းလိုက်ကြောင်း အဆိုပါထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။