ထားဝယ်စီးပွားရေးဇုန် စီမံကိန်းကြောင့် ထိုင်းနိုင်ငံစီးပွားရေး တိုးလာနိုင်ဟု ခန့်မှန်း
2013.01.14

Photo: RFA
အရင်က ထိုင်းကနေ အိန္ဒိယကို မလက္ကာရေလက်ကြားကတဆင့် ၇ရက်သွားရတဲ့ ရေကြောင်းခရီးဟာလည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပြီးစီးသွားရင် သုံးရက်နဲ့ရောက်မှာဖြစ်ပါတယ်။
ဒါ့ပြင် လက်ရှိအနေအထားအတိုင်းဆက်သွားရင် လာမယ့် ၁၀နှစ်အတွင်း စွမ်းအင်ပြဿနာနဲ့ ကြုံရဖွယ်ရှိတဲ့ ထိုင်းနိုင်ငံအတွက် သဘာဝစွမ်းအင်တွေပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကနေ သဘာဝဓါတ်ငွေ့နဲ့ ရေနံတွေရရှိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ Map Ta Phut လိုနေရာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းပျက်စီးလာနေတာကြောင့် ထိုင်းနိုင်ငံအတွက် အကြီးစားစက်မှုလုပ်ငန်းတွေ ဆက်လက်တည်ဆောက်ဖို့လည်း အခက်အခဲတွေရှိနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကို မြန်မာကလိုအပ်နေတာထက်၊ ထိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုပြီးလိုအပ်နေတယ်လို့ Nomura သုတေသနဌာနက ပြောပါတယ်။